7.2

368 24 2
                                    

<Unicode>
မောင်ထွန်းက လှထိပ်ထားရဲ့ကိုယ်လုံးကို ဗိုလ်ချစ်ရဲ့မြင်းအရှေ့တွန်းလိုက်ပြီး

"ဗိုလ်ချစ် သူမကမလှဘူးလား"

"လှပါတယ် ဒါပေမဲ့ ငါ့လောက်မလှတော့ စိတ်မဝင်စားဘူး သူကြီး လက်ဝတ်လက်စားတွေရပြီလား "

"ဟုတ် ဟုတ်ရပါပြီ ဗိုလ်ချစ်"

"အမြန်လာပေး လူကအားနေတာမဟုတ်ဘူး"

သူကြီးမှာလည်း ကြောက်ကြောက်နဲ့ ပစ္စည်းပေးလိုက်သည်။ချစ်ပြေငြိမ်း ပစ္စည်းယူပြီး ထိုစိတ်ရှုပ်စရာနေရာကနေ ထွက်လာခဲ့တော့သည်။

လှထိပ်ထားကတော့ သူမကိုလှပေမဲ့ သူ့လောက်မလှဘူးပြောသွားတဲ့ ဓါးမြဗိုလ်ချစ်ပြေငြိမ်းကြောင့် ရင်ထဲမှာ မခံသာဘဲဖြစ်သွားသည်။

သူမက ဒီပတ်ဝန်းကျင်တစ်ခုလုံးမှာ အလှဆုံးဖြစ်သလို ယောက်ျားတိုင်းကလည်း သူ့ကိုတစ်ခါမြင်ဖူးသွားရင် မကြိုက်တဲ့သူမရှိ...ဒါကို သူ့လိုဓါးမြကများ အဲ့လိုပြောရဲတယ်..

လှထိပ်ထား စိတ်တိုစွာနဲ့ သူ့နောက်မှာ ကြောင်တောင်တောင်ရပ်နေတဲ့ မောင်ထွန်းပါးပေါ် ပါးရိုက်လိုက်ပြီး မကျေနပ်ချက်တွေကိုလွှဲချလိုက်တော့သည်။

"ဖြောင်း အရူးကောင် "

"လှထိပ်ထား မင်းဘာလို့ငါ့ကိုရိုက်တာလဲ"

"နင်ကကော ဘာလို့ငါ့ကို ဒီလိုဓါးမြရှေ့ဆွဲခေါ်လာရတာလဲ ဘာလဲငါ့ဘဝပျက်သွားမှာကိုကြည့်ချင်လို့လား သူကြီး ကျမဒီကိစ္စကိုလုံးဝမကျေနပ်ဘူး သူကြီးဖြေရှင်းပေးရင်ပေး အေမပေးလို့ကတော့ မြို့ဂတ်ထဲထိ လိုက်တိုင်မှာ"

မြို့ဂတ်ဆိုတဲ့အသံကို သူကြီးကြားလိုက်တော့ပြာပြာသလဲနဲ့

"စိတ်အေးအေးထားပါ လှထိပ်ထားရယ် စိတ်လိုက်မာန်ပါတွေမလုပ်ပါနဲ့ မင်းလည်းဘာမှဖြစ်တာမှ မဟုတ်တာ ဒီကိစ္စကို ဒီနေရာမှာဘဲ သင်ပုန်းချေလိုက်ပါတော့"

"သူကြီး ရှင် ကျမတို့သမီးကို ဒီလိုစကားတော့မပြောသင့်ဘူး ဘာကိုဘာမှမဖြစ်တာလဲ အခုမဖြစ်သွားဝာာကံကောင်းလို့ပေါ့ ဓါးမြဗိုလ်သာ ရှင့်လို နှာဘူးဆိုရင် ကျမသမီးဘဝပျက်နေလောက်ပြီ"

အော်သွယ်တော် system Where stories live. Discover now