<Unicode>
မျိုးသုတရဲ့မျက်နှာအမူအယာကြောင့် အကုန်လုံးက ငြိမ်နေပြီး တိုက်ခိုက်လာတဲ့လေကို မျက်လုံးမှိတ်ကာ အသာခံစားနေလိုက်ကြသည်။ညနေခင်းမိုးချုပ်ခါနီးမှ ထိုနေရာကထွက်ခွာကာ ကိုယ်စီအိမ်ပြန်လာခဲ့ကြသည်။မျိုးသုတက သူကြီးသားဆိုပေမဲ့ တစ်ခြားသူကြီးသားများနှင့်မတူပေ...
အလုပ်ကိုကြိုးစားလုပ်ကိုင်သလို မည်သူ့ကိုမှအနှောက်အယှက်မပေးပေ..တစ်ခါတစ်လေ ရွာကစာသင်ကျောင်းမှာ စာသင်ပေးလေ့ရှိသေးသည်။
ချစ်ပြေငြိမ်းတို့အဖွဲ့လက်ဝတ်ရတနာတွေရတာနဲ့ တောထဲကစခန်းဆီပြန်လာခဲ့ကြသည်။
များပြားလှတဲ့လက်ဝတ်ရတနာတွေကိုကြည့်ပြီး တစ်ခြားတစ်ပည့်တွေက ဝေစုခွဲဖို့စောင့်နေကြသည်။ချစ်ပြေငြိမ်း ဒီရတနာတွေကို space ထဲသိုလှောင်လိုက်ပြီး ဘာစကားမှပြန်ကြားခြင်းမရှိပေ...
ညနေထမင်းစားသောက်ချိန်ထိ ဘာစကားမှမဟတဲ့ ခေါင်းဆောင်ကြောင့် သတ္တိအနည်းငယ်ရှိတဲ့အဖွဲ့သားတစ်ယောက်က အရဲစွန့်ပြီး
"ခေါင်းဆောင်လက်ဝတ်လက်စားတွေ.."
"အော် ငါသိမ်းထားတယ် ဘာဖြစ်လို့လဲ"
"ဗျာ ကျနော်တို့ကိုခွဲမပေးတော့ဘူးလား"
"ငါခွဲပေးပြီးရင် မင်းတို့ဘာလုပ်မှာလဲ"
"မေးတတ်လိုက်တာခေါင်းဆောင်ရယ် ဘာလုပ်ရမှာလဲ ထန်းရေလေးသောက် ဖဲလေးချပေါ့"
"မင်းတို့အမြဲတမ်းဒီလိုဘဲလုပ်နေမှာလား စုထားဖို့မတွေးကြဘူးလား"
"ဗျာ ကျနော်တို့က စုဖို့လိုလို့လား မွဲသွားရင် ဓါးမြသွားတိုက်လိုက်ရင် ပြီးပြီလေ"
"အကယ်၍မင်းအသက်ကြီးသွားရင်ရော ဓါးမြဘဲတိုက်စားနေမှာလား ဟင်"
"ဒါကတော့..."
ထိုတပည့်မှာ ခေါင်းကုတ်ရင်းဘာမှပြန်မပြောနိုင်ဖြစ်သွားသည်။ဒါကို ချစ်ပြေငြိမ်းတွေ့တော့ ပြုံးလိုက်ပြီး
"အခုကစပြီး ဓါးမြသုံးခါတိတိဘဲတိုက်တော့မယ် ရတဲ့ရတနာအားလုံးကိုစုပြီး စီးပွားရေးတစ်ခုအတူတူလုပ်ကြတာပေါ့ ကဲစားစရာရှိတာ စားကြတော့"