7.6

389 22 1
                                    

<Unicode>
ချစ်ပြေငြိမ်းကမ္ဘာကြီးတုန်ခါမတတ်ပြေးလာတဲ့ဖက်တီးမကြောင့် သူကြီးနောက်ကိုလျင်မြန်စွာသွားပုန်းလိုက်သည်။

ဖက်တီးမမှာသူကြီးရှေ့ရောက်မှ ပြေးနေတာကိုအရှိန်ရပ်လိုက်ပြီး

"ဗိုလ်ချစ် ဗိုလ်လေးကိုအရမ်းချစ်မိသွားပြီမို့ ပုန်းကွယ်မနေတော့ဘဲ ဒီပစ်ပစ်လေးရဲ့ရှေ့တော်မှောက်ကိုထွက်လာတော်မူပါ"

"ဗိုလ်ချစ်အမည်တွင်သည့်ကျနော်မျိုး ချစ်ပြေငြိမ်းသည် အဝလွန်သူများနှင့် ဓါတ်မတည့်မှုလေးများရှိ၍ထွက်မလာရဲကြောင်းပါခများ"

ဖက်တီးမလေးမှာ သူ့စကားအတိုင်းပြန်လိုက်ပြောနေသည့် ဗိုလ်ချစ်ဆိုသည့်ဓါးမြကို သဘောကျသွားပြီး ပြုံးလိုက်မိတော့သည်။

သိပ်မကြာခင်မှာဘဲ ပုဆိုးခပ်တိုတိုနဲ့ပြေးလာသည့် မျိုးသုတရောက်ရှိလာသည်။ချစ်ပြေငြိမ်း ခုန်ပေါက်လာတဲ့နှလုံးသားကြောင့် သူ့ကိုကိုရောက်လာမှန်းသိလိုက်သည်။

သေနတ်ကို လက်မှာလှည့်ရင်း သူကြီးနောက်ကနေ စတိုင်မိုက်မိုက်ထွက်လာခဲ့သည်။ကြည့်နေသူတွေအားလုံး ကမ္ဘာကြီးရပ်တန့်သွားသလို ချစ်ပြေငြိမ်းကိုသာ ကြည့်နေကြတော့သည်။

မျိုးသုတကလည်း သူ့အပိုင်ကဒီလောက်လှရလားဆိုပြီးအံဩနေသည်။အပိုင်ဟုတ်တာပေါ့ ဒီလူသားကိုတွေ့လိုက်ကတည်းက နှလုံးသားက

"သူ့ကမင်းအပိုင်ဘဲ သူကမင်းအပိုင်ဘဲ"

ဆိုတဲ့စကားကို ထပ်တလဲလဲပြောနေသည်။ချစ်ပြေငြိမ်း သူကြီးရဲ့ရှေ့က ထိုင်ခုံမှာခပ်တည်တည်ဝင်ထိုင်ပြီး

"ရွာသားတွေလည်းရောက်ပြီဆိုတော့ ကျုပ်ရှင်းရှင်းဘဲပြောမယ် ကျုပ်တို့က ဒီကိုဓါးမြလာတိုက်တာ ရှိသမျှပိုက်ဆံတွေအကုန်သွားယူ အေ ယူမလာလို့ကတော့ စခန်းထဲခေါ်သွားမယ်"

"ဗိုလ်ချစ် ကျမပိုက်ဆံမပါဘူး သွားလည်းမယူတော့ဘူး ဗိုလ်ချစ်စခန်းဘဲလိုက်တော့မယ်"

"ကျမရောဘဲဗိုလ်ချစ် စခန်းကိုဘဲခေါ်သွားတော့"

တစ်ယောက်တစ်သံထွက်လာနေတဲ့စကားကြောင့် ချစ်‌ပြေငြိမ်းပြောစရာစကားမဲ့သွားသည်။

အော်သွယ်တော် system Where stories live. Discover now