<Unicode>
နောက်တစ်နေ့မှာလည်း ဟိုနေ့ကလိုဘဲ ချစ်ပြေငြိမ်းက သူ့တပည့်တွေကို တစ်ရာတန်တစ်ရွက်စီပေးလေသည်။နောက်တစ်ရွာကိုထပ်တိုက်ဖို့အစီအစဉ်ဆွဲကြတဲ့အခါ မျိုးသုတက သူတို့ဦးလေးတွေရှိတဲ့ ပျိုးဆိုတဲ့ရွာကိုတိုက်ဖို့အကြံပေးလိုက်သည်။
ပျိုးရွာက ရွာဆိုပေမဲ့ မြို့တွေနီးပါးချမ်းသာကြသည်။ထိုရွာကိုသာတိုက်ရင် ပိုက်ဆံတွေက တစ်ခြားရွာမှာတိုက်တာထပ် 5 ဆလောက်ရမှာကျိန်းသေသည်။
အကုန်လုံးက မျိုးသုတရဲ့အကြံကိုလက်ခံကြပြီး နောက်တစ်နေ့ရောက်ရင် ပျိုးရွာကိုသွားဖို့ဆုံးဖြတ်ကာ အိပ်ယာဝင်ခဲ့ကြသည်။
ညအချိန် မျိုးသုတက တခြားမှာအိပ်ရမယ်ထင်ခဲ့ပေမဲ့ တဲပိုမရှိဘူးဆိုတဲ့စကားနဲ့အတူ သူ့ကလေးဘေးမှာ အိပ်ခဲ့ရသည်။
နောက်တစ်နေ့ အကုန်လုံးက မနက်စာစားပြီး သေချာပြင်ဆင်ဖြီးလိမ်းကာ ကားပေါ်တက်ခဲ့ကြသည်။
မျိုးသုတ သူ့ကလေးကိုကြည့်ပြီး တစ်ခြားသူတွေချစ်သွားမှာအလွန်ကြောက်သွားသည်။ဒီတိုင်းဆံပင်ကိုချထားရင်တောင် ချောလှနေတဲ့သူ့ကလေးက အခုကြ ဂျယ်တွေနဲ့ဆံပင်ကိုလှန်တင်ထားတာကြောင့် ယောက်ျားဆန်ဆန်ချောမောနေသည်။
ဝတ်ထားတာကလည်း အမဲရောင်ဘောင်းဘီကိုမှ ကြိုးတွဲလောင်းလေးတွေအပြင် အင်္ကျီကလည်း အထဲမှာလက်ရှည်အဖြူဝတ်ထားပြီးအပေါ်ကနေ အမဲရောင်လက်တိုကိုထပ်ဝတ်ထားတာကြောင့် စတိုင်တစ်မျိုးဖြစ်နေသည်။
မျိုးသုတ ကြည့်ရင်းကြည့်ရင်းစိတ်မချမှုတွေကတိုးလာသည်။ထို့ကြောင့် ကားထဲတန်းမဝင်ဘဲ အင်တင်တင်လုပ်နေသည်။ဒါကို ချစ်ပြေငြိမ်းသတိထားမိတော့
"မျိုးသုတဘာဖြစ်လို့လဲမလိုက်ချင်တော့လို့လား မလိုက်ချင်တော့ရင်လည်းပြောနော် ကျုပ်တို့အမြန်ပြန်လာခဲ့ကြမယ်"
"ကလေး sorry ချစ်ပြေငြိမ်း အခုပုံစံက ဓါးမြသွားတိုက်မှာလား ရှိုးသွားပြမှာလား "
"ဒီမှာသေနတ်မတွေ့ဘူးလား"
"တွေ့တယ် ဒါပေမဲ့ ကလေးပြင်ထားတဲ့ပုံစံက တအားကို.."