<Unicode>
ချစ်ပြေငြိမ်းတို့က ဓါးမြတိုက်တယ်ဆိုပေမဲ့ တစ်ခြားဓါးမြတွေနဲ့မတူပေ..ရတနာတွေအများကြီးရှိရင် 2 ပုံ 1 ပုံသာယူကြသည်။လူကိုလည်း သေနတ်နဲ့ခြိမ်းခြောက်ရုံသာခြိမ်းခြောက်တတ်ကြပြီး ထိခိုက်ဒဏ်ရာရအောင်တစ်ခါမှမလုပ်ကြပေ...
တစ်ရွာလုံးဆီကလိုက်ယူပြီးနောက် ကားထားရာနေရာဆီပြန်လာခဲ့ကြသည်။မျိုးသုတက ချစ်ပြေငြိမ်းကိုတွေ့တာနဲ့အပြေးလာပြီး
"ကလေးဘာဖြစ်သွားသေးလဲ သူတို့တစ်ခုခုလုပ်လိုက်ကြသေးလား"
"ကိုကိုရယ် ကလေးက ဓါးမြသွားတိုက်တာလေ စစ်တိုက်ထွက်တာမှမဟုတ်တာ ဘာမှ မဖြစ်ဘူး လာ စခန်းပြန်ကြမယ်"
"အင်း အပြန်ကိုယ်မောင်းလိုက်မယ် ကလေးပင်ပန်းနေပြီမလား"
"အဲ့လိုအလိုက်သိတော့ အများကြီးအများကြီးပိုချစ်သွားပြီ"
"ကိုယ့်အချစ်က ပိုပါတယ် လာ တက်"
အားလုံးတက်ကြပြီးနောက် မျိုးသုတကားကွေ့လိုက်သည်။လမ်းကကျဉ်းတာမို့ကွေ့လို့သိပ်မရပေမဲ့ ရအောင်ကွေ့လိုက်ချိန်
"ဒုန်း!!!"
ဆိုတဲ့အသံနဲ့အတူ လူတွေအကုန်လုံး အရှေ့သို့ယိုင်သွားကြသည်။ကားရှေ့ဖုံးကလည်းမီးခိုးတလူလူထွက်လာသည်။
အကုန်လုံး မျိုးသုတကိုဝိုင်းကြည့်လာကြပြီး ဓါးမြတစ်ယောက်က
"ချီး ကားကိုဘယ်လိုမောင်းလိုက်တာလဲ ဒီမှာနဖူးနာသွားပြီကွ"
"အေးလေ အစကတည်းကမမောင်းတတ်ရင်လည်း မမောင်းပါနဲ့လား အခုတော့ကားပျက်သွားပြီ"
တစ်ယောက်တစ်ခွန်းဝိုင်းပြောလာတာကြောင့် မျိုးသုတမျက်နှာငယ်နဲ့ သူ့ဘေးမှာထိုင်နေတဲ့ချစ်ပြေငြိမ်းဆီလှမ်းကြည့်လိုက်သည်။
ချစ်ပြေငြိမ်းသနားစရာကောင်းတဲ့ မျိုးသုတမျက်နှာကြောင့် နောက်လှည့်လိုက်ပြီး
"မင်းတို့တောင်မောင်းတတ်လို့လား လာပြီးတော့ ငါ့ကိုကို ကိုဘဲအပြစ်လာပုံချနေကြတယ် မကျေနပ်ရင်လည်း မင်းတို့ဘာသာမောင်းကြပါလား အခုချက်ချင်းကားပေါ်ကဆင်းကြ"