<Unicode>
မျိုးသုတ သူ့ကိုမခေါ်ဘဲ တခြားတစ်ယောက်ကိုခေါ်နေတဲ့ကလေးကြောင့် မျက်နှာငယ်လေးနဲ့ ချစ်ပြေငြိမ်းလက်မောင်းအင်္ကျီကိုသွားဆွဲကာ"ကလေးကဘာလို့ကိုယ့်ကိုမခေါ်တာလဲ ကလေးကိုယ့်ကိုမချစ်တော့ဘူးလား🥺🥺"
"ချစ်တာပေါ့ ချစ်လို့လဲမခေါ်တာလေကိုကိုကလဲ"
"ချစ်ရင်ခေါ်ရမှာလေ"
"ကလေးပြောပြမယ်သေချာနားထောင်နော်ကလေးသာ ကိုကို့ကိုခေါ်သွားရင်လေ မြို့မရောက်ဘဲ သင်္ချိုင်းကုန်းရောက်နေမှာဆိုးလို့ပါနော်"
"ကလေးက ကိုယ့်ဆိုင်ကယ်မောင်းတဲ့အစွမ်းအစကိုမယုံဘူး"
"အမလေး ကိုမျိုးသုတ မနေ့က တဲဆီဘယ်လိုပြန်ရောက်လာခဲ့လဲမေ့သွားပြီလား ဝောာ်သေးတယ်ငါ့မှာအသက်လေးကျန်သေးလို့ သေပြီထင်နေဝာာ"
"ဟီး ကလေးကလည်း ကိုယ်ကအခုမှစ.."
"ဘာမှလာပြောမနေနဲ့ ပြန်လာရင် မုန့်ဝယ်လာခဲ့မယ် လိမ္မာတယ် ဟိုအကောင်အမြန်သွားကြမယ် ကဲ ကျန်တဲ့သူတွေလဲ ပြန်လာရင် ပိုက်ချိုချဉ်တစ်ချောင်းစီဝယ်လာခဲ့ပေးမယ်နော် အခုတော့သွားပြီ"
ချစ်ပြေငြိမ်း ဆိုင်ကယ်မောင်းကျွမ်းကျင်တဲ့တစ်ယောက်နဲ့အတူ မြို့ဆီထွက်လာခဲ့သည်။
မြို့ရောက်တာနဲ့ မနက်စာကိုဆိုင်မှာသွားစားလိုက်ပြီး ရတနာတွေဝယ်တဲ့ဆိုင် ၁၀ ဆိုင်မှာခွဲရောင်းလိုက်သည်။ရလာတဲ့ပိုက်ဆံတွေကိုပိုက်ပြီး အရင်တစ်ခါဝယ်ထားတဲ့ မြေကွက်ဆီအတူတူထွက်လာခဲ့သည်။
ဆောက်လက်စတိုက်မြင့်ကြီးကို သူ့တပည့်ကတွေ့တော့
"ခေါင်းဆောင် ဒါဘယ်သူ့ဟာလဲ မိုက်လိုက်တာအကြီးကြီးဘဲ ပြီးတော့အထပ်ရေကလည်းအများကြီးဘဲ"
"ငါတို့ဟာလေ "
"တကယ်ကြီးလားခေါင်းဆောင်"
"မဟုတ်ဘူး လာအထဲဝင်ကြည့်ရအောင်"
ချစ်ပြေငြိမ်းကို ဆောက်လုပ်ရေးခေါင်းဆောင်ကတွေ့တော့
"သူဌေး ကျနော်လူအယောက် ၅၀ လောက်ခေါ်ထားလိုက်တယ် ဒီနှုန်းနဲ့ဆို တစ်ပတ်မကြာဘူးပြီးမယ်ထင်တယ်"