<Unicode>
နောက်တစ်နေ့အကုန်လုံးက တိုင်ပင်ထားသည့်အချိန်မှာဘဲ မြင်းကိုယ်စီစီးကာ ဓါးမြတိုက်ဖို့သွားကြတော့သည်။ချစ်ပြေငြိမ်း မျိုးသုတကောင်းမှုကြောင့် မြင်းစီးတဲ့အချိန် နာကျင်မှုကိုခံစားနေရသည်။ဒါပေမဲ့ တပည့်တွေရိပ်မိမည်ဆိုးတာကြောင့်ကြိတ်ခံစားနေရသည်။
ထိုနေ့က ပိုက်ဆံအတော်များများတိုက်ရတာကြောင့် တပည့်တွေကို တစ်ယောက်တစ်ထောင်စီခွဲပေးလိုက်ရသည်။
တစ်ထောင်ရမယ်လို့မမျှော်လင့်ထားတဲ့တပည့်တွေမှာဝမ်းသာသွားကြတော့သည်။ဒီလိုနဲ့ နှစ်ရက်ကုန်ဆုံးခဲ့ပြီး ချစ်ပြေငြိမ်း သူ့တပည့်နဲ့ မြို့ပေါ်တက်ခဲ့သည်။
တိုက်ကလုံးဝပြီးစီးသွားသလို အရောင်ကိုလည်း အဖြူရောင်ကိုမှ ကြားမှာ အနီရောင်းအလိုင်းတစ်ချို့ထည့်ထားသေးသည်။
ချစ်ပြေငြိမ်းသဘောကျသွားပြီး ဆောက်လုပ်ရေးခေါင်းဆောင်ကို ကျသင့်တဲ့ပိုက်ဆံတွေချေလိုက်သည်။
တိုက်ဆောက်ပြီးချိန် သူဌေးတော်တော်များများက သူ့တိုက်ခန်းကို မျက်စိကျကုန်ကြသည်။
ဒါကို ချစ်ပြေငြိမ်းသိတော့ ဒီတိုက်ကို ဈေးအမြင့်ဆုံးပေးနိုင်တဲ့သူကိုရောင်းမည်ဖြစ်ကြောင်း ကြော်ငြာတော့သည်။
နဂိုကတည်းကလိုချင်နေကြတဲ့သူဌေးတွေကလည်း အပြိုင်အဆိုင်လေလံဆွဲကာ တိုက်ကိုဝယ်ကြတော့သည်။
တိုက်ဆောက်ချိန်ကုန်ကျတဲ့ငွေစုစုပေါင်းက သိန်း 800ကုန်သွားသည်။ပန်းရံဆရာတစ်ယောက်ကို 10 သိန်းဆီပေးရတာကြောင့် သိန်း 500 ကုန်သွားသည်။
ဝယ်ခြမ်းရတဲ့ပိုက်ဆံတွေက စုစုပေါင်းသိန်း 300 ကုန်ကျသည်။ဒီကြားထဲ မြေဝယ်တာက သိန်း 100 မို့ကုန်ကျငွေက သိန်း 900 ဖြစ်သည်။
အခုလေလံတင်ရောင်းလိုက်တော့ တိုက်က သိန်း 3000 တောင်ရသွားသည်။ထိုပိုက်ဆံတွေနဲ့ ချစ်ပြေငြိမ်းက မြေကွက် 3 ကွက်လောက်ထပ်ဝယ်ပြီး အရင်လူတွေကိုဘဲ တိုက်ပြန်ဆောက်စေသည်။
ရလာတဲ့ပိုက်ဆံတွေနဲ့တိုက်ပြန်ဆောက် ပြန်ရောင်းနဲ့ အခုဆို ချစ်ပြေငြိမ်းမှာ သူဌေးကြီးဖြစ်သွားတော့သည်။