8.1(ချန်ယွီကျင်း)

397 25 0
                                    

<Unicode>
ရှောင်းကျန့်နောက်ကမ္ဘာရောက်လာချိန် စားဖိုဆောင်မှာ သူများချက်ပြုတ်တဲ့နေရာမှာကူညီပေးနေရသည်။

(ရှောင်းကျန့်ကို ချန်ယွီကျင်းလို့သုံးပါပြီ)

ချန်ယွီကျင်း သူ့ရှေ့ကလူချက်ပြုတ်တာကို သေချာလိုက်ကြည့်နေလိုက်သည်။တော်ဝင်စားဖိုမှူးမို့လို့ထင်ပါရဲ့ချက်ပြုတ်တာက သေသပ်သလို စနစ်တကျရှိလှသည်။

ဟင်းပွဲတွေကိုလည်း လျင်လျင်မြန်မြန်ချက်ပြုတ်နိုင်သည်။အနံ့ရတာနဲ့တင်လူကို ဗိုက်ဆာသွားစေနိုင်သည်။

ချန်ယွီကျင်းသေချာလိုက်ကြည့်ကာ မှတ်သားထားလိုက်သည်။တစ်နာရီကျော်ချက်ပြုတ်ပြီးနောက် ဟင်းပွဲ ၂၀ မျိုးချက်ပြုတ်ပြီးစီးသွားတော့သည်။

ဘုရင်နေ့လည်စားပွဲ‌တည်ဖို့ပြင်ဆင်ကာ ပို့ဆောင်ကြတော့သည်။ချန်ယွီကျင်း ဇာတ်လိုက်က ဘယ်လိုရုပ်ရည်များရှိမလဲသိချင်တာကြောင့် လိုက်သွားဖို့ပြင်တော့သည်။

အဝတ်အစားအမြန်သွားလဲပြီးဟင်းပွဲသယ်တဲ့လူတန်းရဲ့ နောက်ဆုံးမကျတကျမှာသွားရပ်လိုက်သည်။

ဟင်းပွဲကို သေချာကိုင်ပြီးရှေ့ကသွားနေတဲ့သူတွေနောက် သေချာလိုက်သွားလိုက်သည်။သွားနေရင်းဇာတ်ကြောင်းကိုစဉ်းစားကြည့်လိုက်တော့စောသေးကြောင်း သိလိုက်သည်။အခုက ဇာတ်လိုက်မ မီးဖိုချောင်မှာ ပြသနာလာရှာဖို့ ၂ ရက်လိုသေးသည်။

ချန်ယွီကျင်းခေါင်းကိုငုံ့ပြီး ဘေးဘက်မသိမသာချောင်းကြည့်ကာစပ်စုနေသည်။သွားရင်းသွားရင်းနဲ့အရှေ့ကိုသတိမထာစမိလိုက်ပေ...

လူတိုင်းက ခေါင်းငုံ့ကာ ဟင်းပွဲတွေကိုချခဲ့တာကြောင့် သူလည်း ချဖို့ခေါင်းငုံ့လိုက်သည်။

ချနေရင်း စပ်စုချင်စိတ်ကထိန်းမရတာမို့ ဘေးကိုအနည်းငယ်ခေါင်းစောင်းကာကြည့်လိုက်တော့

"ဝုတ် ဝုတ်"

ဆိုပြီး သူ့ကိုကြည့်ကာဟောင်နေတဲ့ ခွေးစုတ်ဖွာအဖြူလေးကိုတွေ့လိုက်ရသည်။

"အား...!!!!! ကယ်ကြပါအုံး ခွေးကြီး"

ဆိုပြီးအော်ဟစ်ကာ ချနေတဲ့ဟင်းကို ပစ်ထုတ်ကာ အနောက်ကိုတန်းပြေးသွားတော့သည်။

အော်သွယ်တော် system Where stories live. Discover now