<Unicode>
ချန်ယွီကျင်းနန်းတော်ထဲကထွက်လာပြီးနောက် ဈေးထဲရောက်လာခဲ့သည်။ဈေးထဲမှာတွေ့တဲ့မုန့်တွေကိုသရေတမြားမြားနဲ့ကြည့်လိုက်ပြီး ပိုက်ဆံများရှိမလားဆိုတဲ့မျှော်လင့်စိတ်နဲ့ အင်္ကျီတွေခါကြည့်ပေမဲ့ တစ်ပြားမှထွက်မလာပေ...'သားသားလေးရေ ကောကောကိုပိုက်ဆံလေးဘာလေးချေးပါလား'
'ဒုတိယကမ္ဘာကလို ပုလွေတွေတီးပြီးပြန်ရှာပါလား'
'ပျင်းစရာကြီး ပိုက်ဆံသာပေးလိုက်ပါသားသားရယ်'
'ဟုတ် တစ်ပြားကို points 100 ပါ ပိုက်ဆံ ပြားဘယ်လောက်ယူမလဲ'
'ဈေးကြီးလွန်းတယ် မယူဘူး ငါ့ဟာငါရှာတော့မယ်'
ချန်ယွီကျင်း အလုပ်လုပ်လို့ရမဲ့ နေရာကိုရှာဖွေလိုက်သည်။သူရှာနေချိန် အသက်အရွယ်အလွန်ကြီးတဲ့အဖွားအိုက သူ့ရဲ့ပေါက်စီလေးတွေကို ထိုင်ရောင်းနေတာတွေ့လိုက်ရသည်။
ဝယ်စားတဲ့သူတွေက တစ်ခါစားပြီးတာနဲ့ ပိုက်ဆံပစ်ပေးခဲ့ကြပြီး မကောင်းတဲ့အကြောင်းတွေကို အော်ဟစ်ပြောဆိုခဲ့ကြသည်။
အဘွားအိုက အပြုံးမပျက်ဘဲ ပိုက်ဆံတွေကောက်ယူကာ ဆက်ပြီးထိုင်ရောင်းနေသည်။ဒါပေမဲ့ ဝယ်စားသူက လုံးဝမလာကြတော့ပေ ဝယ်စားဖို့လာတဲ့သူတွေကိုလည်း အဘွားအိုဆိုင်ဘေးက ဆိုင်ရှင်တွေက
"အဲ့ဆိုင်ကဝယ်မစားနဲ့ ပေါက်စီသာဆိုတယ် ငံနေတာဘဲ ငါတို့ဆီကလာဝယ်စား"
ဆိုပြီးအော်ဟစ်သတိပေးကြတာကြောင့် ဝယ်စားသူမရှိတော့ပေ...
ချန်ယွီကျင်း ထိုအဘွားဆိုင်ရှေ့သွားလိုက်ပြီး
"အဘွား ကျနော့်ကိုပေါက်စီတစ်လုံးလောက်ကျွေးပါလား ပိုက်ဆံမရှိလို့"
အဘွားအိုမှာ သူ့ရှေ့က ကောင်လေးကိုသေချာကြည့်လိုက်သည်။မျက်နှာလေးက ချစ်စရာကောင်းသလိုလှလည်းလှနေသည်။
ပိုက်ဆံမရှိတဲ့အကြောင်းကို မျက်နှာငယ်နဲ့ပြောနေတာကြောင့် သနားသွားပြီး
"အင့် နှစ်လုံးယူလိုက်နော် အရသာကတော့ မကောင်းလောက်ဘူး"
"ရပါတယ် ကျေးဇူးတင်ပါတယ် ဘွားဘွား"