<Unicode>
နောက်တစ်နေ့အဘွားအိုနိုးလာချိန် နှာခေါင်းထဲတိုးဝင်လာတဲ့ဟင်းနံ့ကိုရလိုက်သည်။အစက သူ့အိမ်မှာ ဘယ်ကဟင်းနံ့ရလဲတွေးမိတဲ့နောက်မှ မနေ့က မြေးတစ်ယောက်ကောက်ရတာကို သတိပြန်ရလိုက်သည်။အဘွားအိုမှာ ပြုံးရင်း ကုတင်ပေါ်ကဆင်းကာ မီးဖိုချောင်ဆီဝင်လာခဲ့သည်။အဖြူရောင်ဝတ်စုံဝတ်ပြီး ဆံပင်ကိုတစ်ဝက်ထုံးကာ တစ်ဝက်ချထားတဲ့ လူသားက နတ်သားတစ်ပါးအလား ဟင်းကိုမြည်းစမ်းနေသည်။
ဟင်းမြည်းနေရင်း သူ့ကိုမျက်လုံးထောင့်ကနေတွေ့လိုက်လို့ထင်ပါရဲ့လှည့်ကြည့်လာပြီး
"အဘွား နိုးပြီလား"
"အင်း ဘာဟင်းတွေချက်နေတာလဲ အနံ့ကမွှေးနေရော"
"ဟီး အမဲနံရိုးစွပ်ပြုတ်လုပ်နေတာ အဘွားဗိုက်ဆာပြီလား"
"မဆာသေးပါဘူးမြေးလေးရယ်"
"ဟီး ဘွားဘွား ကျနော်ကို ချန်အာ ယွီအာ ကျင်းအာ ကြိုက်သလိုခေါ်လို့ရတယ်နော်"
"ရှောင်ယွီလို့ခေါ်မယ်လေ ငါးကလေးပေါ့"
"ဟင် ဘွားဘွားကလဲ သားက ဘယ်မှာငါးနဲ့တူလို့လဲ"
"ဟုတ်ပါပြီရှင် ဒါဆို ကျင်းအာလို့ခေါ်မယ်နော်"
"ဟုတ်"
"ကျင်းအာလည်း ဘွားဘွားကို မင်ဘွားဘွားလို့ခေါ်လို့ရတယ်နော်"
"ဟုတ်မင်ဘွားဘွား "
"အင်းအင်း ဒါဆို ဘွားဘွားမျက်နှာသွားသစ်လိုက်အုံးမယ်နော်"
"ဟုတ် ပြီးရင်မနက်စာအတူတူစားကြမယ်"
မင်ဘွားဘွား မျက်နှာသွားသစ်ချိန် ခုနက နယ်ပြီးအအေးခံထားတဲ့ဂျုံတွေကိုပွမပွ အဝတ်လှန်ပြီးဖွင့်ကြည့်လိုက်သည်။
ဟင်းတွေကလည်းအကုန်ကျက်သွားပြီမို့ ပေါက်စီလုပ်ဖို့ ဂျုံတွေကို သေချာလှီးဖြတ်လိုက်သည်။
ဂျုံလုံးကိုသေချာရှည်ရှည်ပြားပြားလေးလုပ်ကာ ကြက်သားအဆပလာကို တစ်ဇွန်းဆီထည့်ကာ သေချာပုံပေါ်ပြီးထုပ်ပိုးလိုက်သည်။
ထုပ်ပိုးထားတာတွေကို ပေါက်စီပေါင်းတဲ့အိုးသုံးထပ်မှာသေချာစီထည့်ကာ ပေါင်းထားလိုက်သည်။