ch 127

26 9 0
                                    

—【မင်းရဲ့ နှလုံးသား အောက်ခြေကနေအထိ, မင်းတကယ်ပဲ… ငါ့ကို အထင်သေးနေခဲ့တယ်မဟုတ်လား?]

—【ချီကျင့်၊ မင်းကိုယ့်ကို ပိုလိုအပ်လာစေဖို့ ကိုယ်ဘာများ လုပ်ရမလဲ။]

ချီကျင့် အံ့ဩသွားလေပြီ။

မတူညီတဲ့လူနှစ်ယောက်ရဲ့ မတူညီတဲ့စကားနှစ်ခွန်းက  အခုအခိုက်အတန့်မှာ သူ့နားထဲ၌ ပဲ့တင်ထပ်နေခဲ့လေရဲ့။

'သိမ်ငယ်မှု' ဖြစ်ခဲ့နေတယ်။

ထိုစာကြောင်းနှစ်ကြောင်းကို ဆက်စပ်ပေးနေခဲ့တဲ့အရာမှာ သိမ်ငယ်စိတ်ဖြစ်ကာ နှစ်ခုစလုံးတွင် တစ်ဖက်လူရဲ့ တူညီလိုသော စိတ်ဆန္ဒ ဖြစ်ပေတယ်—သို့သော် ထိုချဉ်းကပ်မှုနှစ်ခုမှာ ကွဲပြားလှပေတယ်။

တစ်ခု အနုတ်လက္ခဏာ၊ တစ်ခုကတော့ အပြုသဘောပင်။

ပိုင်ခယ့်ဟာ အမြဲတမ်း အထီးကျန်သူဖြစ်ပြီး အားနည်းချက်ကို အလွယ်တကူ ပြလေ့မရှိဘဲ ထို့ထက်ပင် သူ့သိမ်ငယ်မှုကို ဘယ်တော့မှ ဝန်ခံမည်မဟုတ်ပေ။

ကမ္ဘာကြီးမြင်တွေ့ဖို့ရာအတွက်  ရွံ့နွံထဲ၌ ရုန်းလေလေ နစ်မြုပ်လေလေ နဲ့ အမှောင်ထဲသို့သာ တိုးဝင်လာခဲ့ရာ သူ ဂရုမစိုက်တဲ့သူအား ထိုကဲ့သို့မေးနိုင်မှာမဟုတ်။

ဒါကို မေးလိုက်ခြင်းအားဖြင့် ထိုသူဟာ သူ့ရဲ့ နှလုံးသားထဲ၌ အရေးပါသော နေရာ၌ ရှိနေခဲ့သည်ဟူ၍ သတ်သေပြနေခဲ့ပုံပင်။

ဒီ စကားကို အော်ဟစ်မယ့်အစား  အသံကိုနိမ့်ကာ ပြောလာခဲ့တာက.... ထိုအသေးစိတ်အား  ဖော်ထုတ်လာဖို့ အတွက်ပါပဲ။

အခြားပြိုင်ပွဲဝင်များက ဤဇာတ်ကောင်အား ကျေးဇူးကန်းသော၊ သေးသိမ် သော လူဟု အလွယ်တကူ မှတ်ယူကြသော်လည်း၊ ယခုလက်ရှိ 'ကျေးဇူးကန်းခြင်း' အတွက်မူ စိတ်ခံစားမှုနောက်ကြောင်းအား ဘယ်သောအခါမှ မစဉ်းစားကြသောကြောင့် တစ်ဖက်သတ် ဗီလိန်ဖြစ်လာရန် လွယ်ကူလှပေတယ်။

နှိုင်းယှဥ်ကြည့်လျှင် ဤ 'ပိုင်ခယ့်' က လူများကို ပို၍ စာနာနားလည်စေနိုင်ပါတယ်။

"ငါ မင်းကို ဘယ်တုန်းကမှ မထီမဲ့မြင်ပြုခဲ့ဖူးတယ်။"

ဖုန်ရိရှန် က သူ့ကို စာနာပြီး ပြတ်ပြတ်သားသား ပြောလိုက်ပေတယ်။

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: 13 hours ago ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

exclusive rights to an online voice actor Tahanan ng mga kuwento. Tumuklas ngayon