Your Dream Hostel
Mark X ကားအဖြူရောင်လေးသည် ဝင်ရောက်လာခဲ့သောလမ်းသွယ်ထဲမှ သော်ကပန်းလိမ္မော်ရောင်များဖြာကျနေသည့် အုတ်တံတိုင်းဖြူဖြူတို့ကိုဖြတ်ကျော်ကာ Hostel ခြံဝင်းထဲသို့ ကွေ့ဝင်လိုက်သည်။ထိုအခါ ဂိတ်ပေါက္မှ security က ခေါင်းညိတ်ပြပြီး နှုတ်ဆက်လာလျှင် သူမကလည်း ကားမှန်ချကာ ပြန်ပြီးပြုံးပြလိုက်သည်။မန္တလေးကိုပြန်ဆင်းသွားသည်မှာ တစ်ရက်လောက်သာရှိသေးသော်လည်း ချက်ချင်းပြန်တက်လာသောသူမကြောင့် အံ့ဩနေပုံလည်းရလေသည်။
တကယ်တမ်းတော့ သူမအနေဖြင့် မန္တလေးနှင့်ပြင်ဦးလွင်ကို မည်သို့ပင် အိမ်ဦးနှင့်ကြမ်းပြင်ဖြစ်နေသည်ဆိုသော်ငြား ဒီလိုရက်တိုတိုအတွင်း၌ အကြောင်းကိစ္စကြီးကြီးမားမားမရှိဘဲနှင့် ပြန်တက်လာလေ့မရှိပါချေ။ယခုကဲ့သို့ ကပျာကယာပြန်တက်လာရခြင်းမှာ အရင်ရက်က မန္တလေးပြန်ရောက်သည့်အချိန်တွင် ခင်မင်ရင်းနှီးရသော စီနီယာလုပ်ငန်းရှင်တစ်ယောက်ဖြစ်သည့် ကိုဇော်က ရုတ်တရက် ph ဆက်ကာ ပြောလာခဲ့သော အကြောင်းကြောင့်ဖြစ်သည်။
ထိုအကြောင်းမှာ...
စင်ကာပူမှ သူ့မိတ်ဆွေတစ်ယောက် ပြင်ဦးလွင်ကို လုပ်ငန်းကိစ္စနှင့်လာသည့်အခါတွင် Your Dream မှာတည်းရန်အတွက် တိုက်တွန်းထားသည်။ဟိုဘက်ကလည်း လက်ခံသည်ဟု ပြောသည်။
ပြောပုံအရဆိုလျှင်တော့ သူတို့အသိုင်းအဝိုင်းမှာ အရေးပါအရာရောက်သည့်လူမျိုးဖြစ်သောကြောင့် သူ့တိုက်တွန်းချက္မှာ လိုအပ်ချက်တစ်စံုတစ်ရာဖြစ်မသွားစေရန်အတွက် သေချာအာရုံစိုက်စေချင်၍ ပြောလာခြင်းမျိုးဖြစ်သည်။ကိုဇော်၏မိတ်ဆွေဆိုကတည်းက လုပ်ငန်းရှင်တစ်ဦးဖြစ်မည်မှန်းသိသော်လည်း ယခုလာမည့်သူကိုတော့ သေချာဂရုစိုက်ပေးပါရန် အလေးအနက်ထားကာပြောလာသည်မို့ သူမကိုယ်တိုင် ဧည့်ဝတ်ပြုကြိုဆိုရန်အတွက်ကို ယခုကဲ့သို့ ကသုတ်ကရက် ပြန်တက်လာရခြင်းပင်။
ထို့ပြင် တစ်ခုရှိသည်မှာ Your Dream ၏အနေအထားက အခုထိ Hotel တောင်မှမဖြစ်သေး။ Hostel ကိုမှ Tent များ၊ Campsite များနှင့် လူငယ်တွေအတွက် အဓိကဦးစားပေး ရည်ရွယ်တည်ထောင်ထားခြင်းဖြစ်ပေရာ ဒီလို High Class Boss များနှင့်တော့ လားလားမျှမသက်ဆိုင်သောနေရာသာပင်။သူကတော့ ဘယ်လိုကြောင့်တည်းချင်သလဲမသိပေမဲ့ ထပ်မံဆောက်ထားခဲ့သော သီးသန့်ဘန်ဂလိုများရှိသည့်အတွက်ကြောင့်သာ ဒီလိုဧည့်သည်မျိုးကို သူမအနေနှင့် တာဝန်ယူလက်ခံနိုင်ခြင်းဖြစ်သည်။
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...