HONEYMOON❤️Day-3❤️

68.3K 1.5K 43
                                        

နောက်နေ့နံနက်တွင် စောစောနိုးလာရသောသူက  အိပ်ရာက‌နေချက်ချင်းထကာ ကိုယ်လက်သန့်စင်ပြီးသည်နှင့် မီးဖိုခန်းထဲတန်းဝင်ခဲ့လိုက်သည်။ညတုန်းက စိတ်လိုလက်ရပူဆာထားသော Steak အား စိတ်ရှည်လက်ရှည်ပြုလုပ်‌ေနရင်း ဟိုတယ်ဘက်ကို ph ဆက်ကာ သူမှာထားသောပစ္စည်းကိုသွားယူခိုင်းပြီးလျှင် ရလာသည်နှင့် ချက်ချင်းလာပို့ပေးရန်လည်း ပြောထားလိုက်သည်။ထို့နောက် ပြီးစီးသွားချိန်မှာ အပေါ်တက်ပြီးကြည့်လိုက်တော့ အခုထိအိပ်ပျော်နေသေးသည့်သူမက ထဦးမည့်ပုံမပေါ်။သို့နှင့်ပင် ခေါင်းအုံးထဲနစ်မြုပ်၍ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေသောမျက်နှာလေးအားကြည့်ကာ ဆံနွယ်လေးတွေကိုသပ်တင်ပေးရင်းမှ သူသည် နှိုးဖို့အတွက်ကို တွန့်ဆုတ်နေမိသည်။ထို့ကြောင့် ခဏလောက်ထပ်အိပ်ခိုင်းဖို့စိတ်ကူးကာ ရေချိုးခန်းထဲ အရင်ဝင်ခဲ့လိုက်လျှင် သူရေချိုးပြီးပြန်ထွက်လာချိန်မှာလည်း သူမက အိပ်နေဆဲသာပင်။အချိန်ကိုကြည့်လိုက်တော့ ကိုးနာရီထိုးကာနီးပြီမို့ သူက နှိုးဖို့ဆုံးဖြတ်လိုက်ရင်း အနားသို့သွားကာ စောင်ကိုဆွဲလှပ်လိုက်ပြီးလျှင် အိပ်ပျော်နေသောသူမအားဆွဲထူလိုက်ရင်းမှ ရေမသုတ်ရသေးသည့်သူ့ခန္ဓာကိုယ်နှင့် ထိကပ်ထွေးပွေ့ထားလိုက်သည်။

ထိုအခါ ရေစိုနေသောခန္ဓာကိုယ်နှင့် မျက်နှာကိုထိကပ်သွားသည်ကြောင့် ချက်ချင်းပဲ နိုးလာရသောသူမသည် တစ်ကိုယ်လုံးကို သိုင်းပြီးပွေ့ဖက်ခံထားရသည်အား သိလိုက်ရသည်နှင့်တစ်ပြိုင်နက် လက်တွေက သူ့ရင်ဘတ်ကိုတွန်းထုတ်ရင်းပင် မော့ကြည့်လိုက္မိသည်။သို့နှင့် လန်းဆန်းအေးမြဖွယ်မွှေးပျံ့နေသည့် ရေချိုးဆပ်ပြာနံ့တွေကြားမှာ မျက်လုံးကျယ်သွားပြီဖြစ်သောသူမအား ရေစက်လက်ကျနေသည့်ဆံပင်တွေကို လှန်တင်ထားသောမျက်နှာက ကြင်နာစွာပြုံးပြလာရင်း

" Steak စားချင်တယ်ဆို...။ထတော့လေ သဲရဲ့..၊စားလို့ရနေပြီ..."

အိပ်ရာက‌နေထထချင်း၌ အေးစက်စက်သူ့အသားတွေကိုထိကပ်ကာ နိုးလာရပြီးလျှင် မြင်နေရသည့်မျက်နှာချောချောဆီမှ နူးညံ့စွာစိုက်ကြည့်နေသောမျက်ဝန်းတွေကြောင့် ရင်ထဲတွင် သိမ့်ခနဲဖြစ်သွားရသောသူမက ရုတ်တရက်စကားပြန်မပြောနိုင်သေးဘဲ မျက်စိရှေ့မှ သူ့ကိုသာ ကြောင်အအငေးကြည့်နေမိသည်။ထိုအခါ သူက တွေကြည့်နေသောမျက်နှာလေးကို အသာထိကိုင်ရင်း

You are the only Exception!Место, где живут истории. Откройте их для себя