❤️ကို့ကို အရမ်းချစ်တယ်❤️

49.5K 1.4K 123
                                    

အိပ်ရာကနိုးနိုးချင်းမှာပင် ph ကိုအရင်ကိုင်မိသောသူမသည် လိုင်းဖွင့်လိုက်သည်နှင့် သူ့ဆီမှ vc ကတန်းဝင်လာသည်မို့ အံ့ဩစိတ်ဖြင့် ချက်ချင်းကိုင်လိုက်ရင်း မေးရလေသည်။

"ရှင် ဘယ်အချိန်ကထတာလဲ...၊အိပ်ရောအိပ်ရဲ့လား..."

"ကိုယ့်ရဲ့အသဲ နိုးပြီလား..."

သူ့ပုံစံကြည့်ရသည်မှာ အိပ်ထားသည့်ပုံလည်းမပေါ်သောကြောင့် သူမက သူ့အမေးကိုဂရုမစိုက်နိုင်သေးဘဲ ပြန်ပြီးမေးလိုက်သည်။

"ရှင်ရော ဘယ်အချိန်ကအိပ်ပြီးတော့ ဘယ်အချိန်ကထနေတာလဲ..."

"မနက်စာ ဘာစားမှာလဲဟင် သဲ..။ဟိုတယ်ကိုသွားစားနော်...။သေချာလုပ်ပေးဖို့ ကိုယ်မှာထားခဲ့တယ်..."

"မေးတာဖြေဦးလေ..၊ဘယ်အချိန်ကထတာလဲလို့"

"နည်းနည်းတော့စောနေသေးတယ်...၊ထပ်အိပ်ပါဦးလား..."

"ရှင် ကျွန်မမေးတာ အရင်မဖြေဘဲနဲ့ ဘာလို့ ဝေ့လည်ကြောင်ပတ်တွေပြောနေတာလဲ..."

ထိုကဲ့သို့ ခပ်ဆတ်ဆတ်မေးလိုက္သော်လည်း သူက ချက်ချင်းမဖြေသေးဘဲ သူမ၏မျက်နှာကိုသာကြည့်နေ၍ သူမက မျက်ခုံးတွေတွန့်ကာ ပြန်ကြည့်လိုက်တော့မှ

"မနေ့ညက သဲနဲ့ပြောပြီးတော့ အိပ်မရနိုင်ဘူးဆိုတာသိလို့ တောက်လျှောက်အလုပ်ပဲလုပ်နေရာကနေ သုံးနာရီလောက္မှာတစ်ဖြတ်ပြီးတယ်...။အဲ့တုန်းက ခဏလှဲတယ်...။နောက် လေးနာရီလောက်ပြန်ထပြီးတော့ ဆက်လုပ်နေတာ..၊အခု နားနေရင်းနဲ့ သဲနိုးတာကိုစောင့်နေတာပဲ..."

"ဟင်..အဲ့ဒါဆို ရှင် တစ်ရေးမှကောင်းကောင်းမအိပ်ရသေးဘူးပေါ့ ဟုတ်လား...။ဟား...ဘာဖြစ်ချင်နေတာလဲဟင်..၊အိပ်ရေးပျက်ပြီးတော့ ရူးကြောင်ကြောင်ဖြစ်ချင်နေတာလား..."

သူမ၏အပြောကို သူက အချိုးမပြေစွာနှင့်ပင် ပြုံးစစဖြင့်ပြန်ကြည့်၍

"သဲကိုယူထားပြီးတော့ ရူးကြောင်ကြောင်တော့ အဖြစ်မခံပါဘူး...။စိတ်ချ..၊အရူးကို လင်လုပ်နေရတယ်ဆိုတာမျိုး ကိုယ့်အသဲလေးကို အပြောခံရအောင်မလုပ်ဘူး..."

"အပိုတွေလျှောက်ပြောမနေနဲ့၊ဒီပုံစံအတိုင်းဆို တစ်ပတ်နေရင် သွက်သွက်ခါပြီးတော့ ပြန်လာမှာ သေချာတယ်...။ဘယ်လိုလူမှန်းလဲမသိဘူး...။တော်ပြီ..၊ရှင်နဲ့မပြောချင်တော့ဘူး ဒါပဲ"

You are the only Exception!Onde histórias criam vida. Descubra agora