အချစ်နဲ့အတူ စင်ကာပူ🛫

26.8K 1K 95
                                    

"ကို..."

"အွန်.."

စောင်ကိုလုံနေအောင်ခြုံပြီး ထွေးပွေ့ထားသော သူ့လက်တွေကြားမှာ သူမတစ်ကိုယ်လုံးမြုပ်ဝင်နေသည်။မျက်နှာအနှံ့ကိုရောက်နေသော သူ့နှုတ်ခမ်းတွေ၏ခပ်နွေးနွေးအထိအတွေ့က ရင်ထဲအထိရောက်အောင် နွေးထွေးစေသည်မို့ တားမြစ်ဖို့ကိုစိတ်ကူးမရှိတော့။သို့နှင့် အသာငြိမ်နေလိုက်လျှင် သူက ခေါ် ပြီးဆက္မပြောတော့သည့်သူမကြောင့် မျက်နှာတစ်ခုလုံးကိုခပ်ဖွဖွနမ်းနေရာမှ နှုတ်ခမ်းထောင့်လေးမှာခဏရပ်လိုက်ရင်း

"ပြောလေ သဲလေးရဲ့ ဘာလို့လဲ..."

"ဟင့်အင်း..ဘာမှမဟုတ်တော့ဘူး..."

"အဟွန်း..ကိုယ် စိတ်မထိန်းနိုင်မှာကြောက်လို့လား...။မကြောက်နဲ့နော်..၊ဒီနေရာမှာ ကိုယ် ဘာမှမလုပ်ဘူး...။တစ်နေကုန်ပင်ပန်းထားတာဆိုတော့ အိပ်ရေးလဲဝစေချင်တယ်...။ဒါပေမဲ့ ဝအောင်တော့ နမ်းပါရစေဦး...။ကိုယ့်မှာ မိန်းမနားမကပ်ရတာ တော်တော်ကြာနေပြီ..."

စကားဆုံးသည်နှင့် နှုတ်ခမ်းထက်သို့ရောက်လာသောအနမ်းတွေက တမ်းတမှုတို့အပြည့်ဖြစ်နေသည်ကြောင့် သူမက သူ့ကိုသိုင်းဖက်ကာ ပူးကပ်နေအောင် တိုးဝင်မိသည်။ထိုအခါတွင် သူကပါ သူ့ဆီသို့တိုးဝှေ့လာသောကိုယ်လုံးလေးအား ပိုမိုတင်းကျပ်နေအောင် ပြန်လည်ထွေးဖက်ထားမိလျှင် နှစ်ယောက်ကြားထဲမှာ ကြားလေတောင်သွေးလို့မရတော့ပြီ။သူ့ခြေထောက်တွေကြားထဲသို့ တိုးဝင်ထိုးထည့်လာသော ခြေထောက်လေးတွေကို ဆွဲညှပ်ထားလိုက်ကာ အဝတ်လွတ်နေသောခြေဖဝါးလေးတွေအား ထိကပ်ထားလိုက်ရင်းမှ သူမတစ်ကိုယ်လုံးကို သူနှင့်ထိတွေ့ထားပြီး နေရာလပ်မရှိနွေးထွေးစေသည်။ထိုသို့ဖြင့် ခုံမင်မက္မောမှုတို့အပြည့်ဖြစ်နေသောအနမ်းတွေကြားမှာ အချိန်အတန်ကြာအောင်ကုန်ဆုံးကာ နှစ်ယောက်လုံး၏ အသက်ရှုသံတွေ ပို၍မပြင်းထန်ခင်အချိန်တွင် သူကလွှတ်လိုက်ပြီး

"အိပ်ကြစို့၊မနက်ကျ လမ်းတွေပြန်လျှောက်ရဦးမှာနဲ့ ဒီညကို အိပ်ရေးဝပြီးတော့ အားပြည့်နေမှဖြစ်မှာ...။အိပ်တော့နော်...၊ကိုယ့်ရဲ့အသဲကို အရမ်းချစ်တယ် Good night..."

You are the only Exception!Место, где живут истории. Откройте их для себя