HONEYMOON ❤️Day-1❤️

78.4K 1.5K 61
                                    

ဘားအံသွားဖို့အတွက်ကိုတက်ကြွကာ အိတ်ထဲကိုအဝတ်တွေစီစဉ်ထည့်နေသော သူ့ကိုကြည့်ပြီး သူမက နည်းနည်းတော့စိတ်လေသွားမိသည်။ဒီလူကြည့်ရသည်မှာ အခုမှဥပုသ်စောင့်ပြီး ထွက်လာသည့်ကျားလိုမျိုး အသည်းအသန် အာသာငမ်းငမ်းဖြစ်ကာ တွေ့သမျှအကုန် ဆွဲစားချင်နေသောပုံစံ။သူမကိုလည်း ပြီးပြီလားဆိုသောစကားကို မနေ့က အိပ်ရာဝင် အိပ်ရာထမေးပြီး မပြီးသေးဘူးဟုညာထားသောကြောင့် ဗိုက်နာချင်ယောင်ကဆောင်‌ေနရသေးသည်။

"သဲ အဝတ်တွေက ကိုယ်ထည့်ပေးမယ်...။ဗိုက်နာနေသေးရင် နားနေနော်..."

"အင်း..."

ပြန်ဖြေလိုက်ရင်း သူ့ကို ငေးငေးငိုင်ငိုင်ကြည့်နေမိလျှင် သူက ကုတင်ပေါ်မှာထိုင်နေသော သူမဆီသို့လာကာ ခေါင်းကိုရင်ခွင်ထဲဆွဲသွင်း၍

"မနက်ကို လေယာဉ်စီးရဦးမှာနဲ့ စောစောအိပ်တော့..။ကျန်တာ ကိုယ်စီစဉ်လို့ရတယ်..."

"မအိပ်ချင်သေးပါဘူး...။ပြောလေ..ဘာကူပေးရမလဲ..."

"ဒါပဲကူပေး..."

ပြောရင်းနှင့် တစ်ချက်ငုံ့နမ်းလိုက်သောသူက သူမ၏ခေါင်းကို ခပ်ဖွဖွပွတ်သပ်ကာ

"မြန်မြန်ထည့်ပြီးအိပ်မယ်နော်...။မျက်နှာသွားသစ်တော့.."

ပြောပြီး သူမကိုဆွဲထူ၍ အဝတ်တွေဆက်ထည့်နေလျှင် သူမသည်လည်း ရေချိုးခန်းထဲဝင်ခဲ့လိုက်ပြီးနောက် ပြန်ထွက်လာချိန်မှာ သူက လက်စသတ်နေပြီမို့

"ဟယ်....မြန်လိုက်တာ ဘယ်လိုထည့်လိုက်တာလဲ..."

ထိုသို့တအံ့တဩမေးလိုက်သောသူမအား သူက အိတ်ကိုပိတ်နေရာမှ မော့ကြည့်ပြီးပြုံးပြလာရင်း

"ကိုယ်က အလုပ်နဲ့ အမြဲခရီးသွားနေရတာလေ...။ဆယ့်ငါးမိနစ်နဲ့အပြီးထည့်တာ အကျင့်ဖြစ်နေပြီ..."

ထို့နောက် အိတ်တွေအကုန်လုံးကို အပြီးအစီးထည့်ပြီးသွားသောသူက မှန်တင်ခုံရှေ့ထိုင်နေသည့်သူမကိုတစ်ချက်ကြည့်ကာ ရေချိုးခန်းထဲဝင်သွားသည်။သူမကတော့ ရာသီလာပြီးကာစမို့ ဝင်းပနေသောအသားအရေတွေကိုကြည့်ပြီး ကျေနပ်နေမိရင်းမှ sheet mask ကပ်ဖို့ စိတ်ကူးလိုက်ပေမဲ့ နံနက်ကိုခရီးထွက်ရဦးမည်မို့ စောစောအိပ်ရန်ပြင်လိုက်ကာ မကပ်ဖြစ်တော့။သို့နှင့်ပင် ကုတင်ပေါ်တက်ပြီး စောင်ခြုံကာလှဲလိုက်ရင်း သူမက အိပ်ဖို့ပြင်နေပြီဖြစ်သော်လည်း ရေချိုးခန်းထဲမှပြန်ထွက်လာသောသူက တော်တော်နှင့်မအိပ်သေးဘဲ ဘာတွေရှုပ်နေမှန်းမသိ။ပြီးမှ အခန်းမီးတွေပိတ်ပြီး ကုတင်ပေါ်တက်လာကာ ကျောခိုင်းထားသောသူမကို နောက်ကနေဇွတ်တိုးဝှေ့၍ ပွေ့ဖက်ထားပြီးလျှင် သူမ၏ပခုံးကြားထဲသို့ တိုးဝင်ပူးကပ်လာရင်းမှ လေသံတိုးတိုးဖြင့်

You are the only Exception!Where stories live. Discover now