ယနေ့က နေသန်နှင့်နိုရာတို့ သင်တန်းတက်ရန်အတွက် London သို့သွားကြသည်မှာ သုံးရက္မြောက်သောနေ့ဖြစ်သည်။ကလေးတွေကို သူတို့စုရပ်အထိ လိုက်ပို့ပေးခဲ့ကြပြီးကတည်းက တောက်လျှောက်အလုပ်များခဲ့သောသူသည် ဒီနေ့လည်း အလုပ်မများများအောင် ကြံဖန်လုပ်ရန်အတွက်ကို နံနက်အစောကတည်းကပင် ကိုညီတို့ရွာသို့ ထွက်လာခဲ့လိုက်သည်။ရွှေခေတ်ကတော့ ဒီရက်ပိုင်း သူ့ကို ဘာမှမပြောဘဲလွှတ်ထားပေးကာ စိတ်ချမ်းသာသလိုိနေစေ၍ လုပ်ချင်ရာလုပ်ခွင့်ပေးထားလေသည်။ပုံမှန်အတိုင်းဆိုလျှင်လည်း ကလေးတွေနှင့်က မခွဲဖူးသည်မဟုတ်။ကျောင်းပိတ်ရက်တွေရောက်တိုင်း သူတို့အဖိုးအဖွားနှင့်လိုက်သွားသည့်အခါ သို့မဟုတ် မန္တလေးကိုအလည်သွားကြသည့်အခါများတွင် စိတ်ချလက်ချလွှတ်ပေးကာ ကလေးတွေပျော်သလောက်နေကြစေစမြဲပင်။
သို့သော် ဒီတစ်ခေါက်ကတော့မတူ။
သူတို့နှစ်ယောက်လည်းမပါ၊အဖိုးအဖွားဆွေမျိုးတွေလည်းမပါ ကလေးတွေချည်းသက်သက် နိုင်ငံရပ်ခြားသို့လွှတ်လိုက်ရသည်ဖြစ်လေရာ ဘယ်လိုပင်စိတ်ကိုဖြေလျှော့ထားနေပါစေ သူ့မှာစိတ်မဖြောင့်နိုင်။မသွားခင်ကတည်းက အံ့မခန်းထင်ကို နားပူအောင်အပူတိုက်ထားသောကြောင့် ဟိုမှာအဆင်ပြေမည်ဆိုတာကိုသိသော်လည်း လူက ဟိုလိုလိုဒီလိုလိုနှင့် ယောင်တောင်မောင်တောင်ဖြစ်နေရသည်။ထို့ကြောင့်ပင် စိတ်ရောလူပါ အအားမနေရအောင် ကြိုးစားအားထုတ်ကာ မိုးလင်းကနေမိုးချုပ် ရုံးမှာမရှိဘဲ တစ်နေကုန် အပြင်သို့သာထွက်ဖြစ်နေသည်။အခုလည်းပဲ ကိုညီနှင့်အတူ သူသွားနေသည့်နေရာက နိုရာ၏ Trekking လမ်းကြောင်းအခြေအနေကို သိနိုင်ရန်အတွက် လမ်းကြောင်းအကုန်လုံးအား အစကနေအဆုံး ခြေကျင်လျှောက်ကာ လိုက်ကြည့်နေကြခြင်းဖြစ်သည်။သူစသိရသည့်နေ့ကတည်းက စိုင်းအာကာမိုးကိုလိုက်ကြည့်ခိုင်းထားသော်လည်း စိတ်မချနိုင်သေးသည့်အတွက်ကြောင့် နိုရာမရှိသည့် ဒီရက်တွေအတွင်းမှာတော့ သူကိုယ်တိုင်ပင် လာလိုက်တော့ခြင်းဖြစ်ေလသည်။
သူ့သမီးရှိနေလျှင် သူ့မှာ ဒီလိုလိုက်ကြည့်ခွင့်မရှိ။
လင်နှင့်မယားကြားမှာတောင် CEO ရာထူးကိုချက်ချင်းမယူဘဲ ပုံမှန်ဝန်ထမ်းကဲ့သို့ လစာပေးခိုင်းသောအမေ၏ သမီးဖြစ်ေပသောကြောင့် နောက်ကနေ ထောက်ပံ့ေပးမှု၊အဆင်ပြေအောင်ပံ့ပိုးပေးမှုတွေကို သမီးက သိပ်မုန်းလေသည်။သို့နှင့် ကျောင်းသွားနေချိန်တွေမှာတောင် သူ့လမ်းကြောင်းတွေကို အလွတ်မပေးသောနိုရာနှင့် ဘာမှဝင်မလုပ်ဖို့တားထားသောရွှေခေတ်ကြောင့် သမီးမျက်နှာကြည့်ကာနေရသောသူက ဒီလိုလေးပင် လိုက်ကြည့်ရန်အခွင့်မသာခဲ့။ထိုသို့ဖြင့် သမီးရှေ့မှာ ဘာမှဝင်မပါသလိုနေကာ နောက်ကွယ်မှာရှဲဒိုးလိုက်ခိုင်းပြီး စောင့်ကြည့်ခိုင်းရုံနှင့်တင်ကျေနပ်နေရာမှ သမီးမရှိသည့်ဒီလိုအချိန်မှာတော့ သူ့စိတ်ကြိုက်လုပ်ခွင့်ရလေပြီ။ထို့ကြောင့် Organic ခြံ၊မွေးမြူရေးခြံနှင့် နိုရာသွားနေကျလမ်းကြောင်းများကို အကုန်လိုက်လံကြည့်ရှုပြီးချိန်တွင်မူ နေ့လယ်ထမင်းစားချိန်ပင် လွန်နေပြီဖြစ်သည်။ကိုယ့်သားသမီးအတွက်တောင် ဒီလိုအပင်ပန်းမခံခဲ့ရသောကိုညီခမျာ သူ့နောက်ကနေ နံနက်ကတည်းက တောက်လျှောက်လိုက်နေရသည်မို့ ဗိုက်တွေကအတော်ဆာနေပြီဖြစ်လျှင် ဆာရလောင်ရကောင်းမှန်းမသိစြာဖြင့် ဇောကပ်နေသောသူ့ကိုကြည့်ကာ
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...