မေးဖျားကိုမော့နမ်းကာ ပြောလာသောသူမလေးကြောင့် သူက ရင်ခုန်ကြည်နူးစွာဖြင့် သူမ၏ကိုယ်လုံးလေးကို ကိုယ်ပေါ်ထပ်တင်ထားရာကနေ အောက်သို့ပြန်ချ၍ အပေါ်ကနေအုပ်မိုးလိုက်သည်။ပြီးလျှင် ချွေးစို့နေသောမျက်နှာလေးကို အသာအယာထိကိုင်ကာ နှုတ်ခမ်းလေးအား ထိကပ်နမ်းရှိုက်လိုက်ရင်း
"အရင်ကဆို ကိုယ့်ဘက်က ဘယ်လောက်ချစ်ရပါတယ် ဘယ်လိုချစ်ရပါတယ်ဆိုတာမျိုး ပြောနိုင်သေးတယ်...။အခု သဲက ကိုယ့်ကိုပြန်ချစ်ပြီးတဲ့နောက်ပိုင်း တစ်ခါတလေကျတော့ ကိုယ်ချစ်တယ်ဆိုတာ သဲနဲ့ယှဉ်ရင် ရယ်စရာဖြစ်သွားရပြီ..."
သူမက ချစ်စရာကောင်းစွာပြုံးလိုက်ရင်းမှ
"ဒီလောက်ချစ်တတ်လာအောင် ကိုပဲ လူကိုတောက်လျှောက်ခြွေလာတာမို့လား..."
"အဟွန်း အဲ့ဒါကြောင့်မို့ အခု ကိုယ့်ကိုပြန်ခြွေနေတာလား ဟုတ်လား...။ကိုယ့်မှာ ကြွေကျရလွန်းလို့ နေစရာတောင်မရှိတော့ဘူး ဘယ်လိုလုပ်မလဲ..."
ပြောရင်းနှင့် သူ့နှုတ်ခမ်းတွေက သူမ၏နှုတ်ခမ်းလေးပေါ်မှာ တရွရွပွတ်တိုက်ထိကပ်နေပြန်လျှင် သူမက သူ့ပါးပြင်ကိုထိကိုင်၍ တစ်ချက်ဖိကပ်ပြီး ပြန်နမ်းလိုက်ကာ
"မထင်ရဘူးနော် ကိုက လွယ်လိုက်တာ...။ဒီလောက်နဲ့ကြွေကျနေရင် ဘယ်လိုလုပ်မှာလဲ...။အဲ့လိုလွယ်လွန်းလို့လဲ မြင်မြင်သမျှတွေကြွေကျပြီးတော့ ရည်းစားတွေများခဲ့တာမို့လား...။ဟွန် ပြောကြည့်ပါဦး..."
"ဘယ်ရည်းစားကမှ ဒီလောက်ဖြစ်အောင်မဖမ်းစားနိုင်ဘူး...။သဲနဲ့ကျမှ ဒီလောက်ဖြစ်နေရတာ...။ပြီးတော့ ခုနောက်ပိုင်း ကိုယ့်ကိုအလွတ်မပေးတော့ဘူး...၊အရမ်းတွေ active ဖြစ်လာတယ်...။ဘာလို့လဲ..ကိုယ်ဖောက်ပြန်မှာစိုးလို့လား..."
"ဟုတ်တယ်လေ...။အိမ်ထောင်ကျပြီးတော့ အိမ်ရှင်မသာဖြစ်နေတာ..အိမ်မှုကိစ္စလဲမလုပ်ဘူး...။သူများတွေလို ချက်ပြုတ်လဲမကျွေးဘူး...။အိမ်ထောင်ရှင်မတာဝန် ဘာမှလဲ မကျေပွန်ဘူး...။အဲ့လိုနေနေတာကို ဒီကိစ္စမှာပါ လစ်လပ်နေရင် သေချာတယ်..အဖောက်ပြန်ခံရနိုင်ဆုံး မိန်းမစာရင်းထဲမှာ No.1 ဖြစ်နေလိမ့်မယ်..."
BẠN ĐANG ĐỌC
You are the only Exception!
Lãng mạnအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...