နံနက်ခင်းအိပ်ရာကနေနိုးလာလျှင် လူက သူ့ရင်ခွင်ထဲပြန်ရောက်နေသည်မို့ ချက်ချင်းပင်ဆတ်ခနဲဖြစ်သွားကာ ရုန်းထွက်ရန်ပြင်လိုက်သည်။သို့သော် သူ့လက်တွေက တစ်ကိုယ်လုံးကို လွတ်ထွက်သွားမှာစိုးသည့်အလား တင်းကျပ်စွာဖြင့်သိုင်းဖက်လာကာ နှုတ်ခမ်းတွေကတော့ နဖူးပေါ်သို့ထိကပ်လာရင်း
"စောသေးတယ်လေ သဲရယ်...။ထပ်အိပ်ပါဦး..."
ထိုအခါတွင် သူမက တွန်းထိုးရုန်းကန်လိုက်ရင်းမှ စောစောစီးစီး သူ့ကို ရန်တွေ့ကာပြောမိသည်။
"ဘာကိစ္စထပ်အိပ်ရမှာလဲ ဖယ်..။ရှင်နဲ့ကပ်မအိပ်ချင်ဘူး အလကားလူ..."
"အဟင်း...ညတုန်းက သဲကိုယ်တိုင်ပဲ ကိုယ့်ကိုလာပြီး ခွအိပ်တာလေ...။ကိုယ်က သဲစကားနားထောင်ပြီးတော့ ငြိမ်ငြိမ်လေးနေနေတာကို သဲက အတင်းလာခွပြီးဖက်အိပ်ထားတာ...။ကိုယ့်မှာ အသက်ရှုတောင်ကျပ်တယ်..."
သူ့စကားကြောင့် သူမက ဘာမှမဆိုင်ပေမဲ့ သူ့ရင်ဘတ်ကိုထုရိုက်၍
"ရှင် လျှောက္မပြောနဲ့။ဘာမှခွပြီးဖက္မအိပ်ဘူး...။ဖယ်တော့ ထတော့မယ်..."
"နေပါဦး သဲရယ်...ကိုယ့်မှာ ကိုယ့်မိန်းမကိုယ်တောင် စိတ်ကြိုက်ထိခွင့်မရဘူး...။မနေ့ညက ညတစ်ဝက်လောက် ဖက္မအိပ်ရလို့ နေလို့မရဖြစ်နေရတာ...။ခုတော့ ဝအောင်ဖက်ထားပါရစေဦး..."
ပြောပြီး တစ်ကိုယ်လုံးကို တင်းနေအောင်ေထွးပွေ့ထားကာ မျက်နှာအနှံ့အား ခပ်ဖွဖွငုံ့နမ်းနေလျှင် သူမက ဆက္မရုန်းတော့ဘဲ ငြိမ်နေလိုက်ရင်းမှ
"အဲ့ဒါ ဘယ်သူလုပ်တာလဲ ရှင်ပဲလုပ်တာလေ...။ဘာလို့ အဲ့လိုတွေနေခဲ့တာလဲ...။ရည်းစားများတာ လက်ခံပါတယ် မိန်းမတိုင်းနဲ့နေစရာလား..."
"မိန်းမတိုင်းနဲ့မနေပါဘူး သဲရယ်..."
"ဟင်..အဲ့ဒါဆို အဲ့မိန်းမက ရှင့်အတွက် အထူးစပါယ်ရှယ်ပေါ့ အရေးပါလို့ပေါ့ ဟုတ်လား..."
"အော် ဘာကိစ္စအရေးပါရမှာလဲ သဲရယ်...။သူနဲ့က လုပ်ငန်းကိစ္စပတ်သက်ရင်း တွဲဖြစ်ခဲ့ကြတာ...။တွဲတာကြာတာကလဲ အလုပ်ကိစ္စကြောင့်၊ချစ်လို့ကြိုက်လို့မဟုတ်ဘူး...။ပြီးတော့ ကိုယ်က ပြတ်ပြီးတဲ့ရည်းစားတွေဆို ဘယ်တော့မှလှည့်ကြည့်တတ်တာမျိုးမဟုတ်ဘူး...။သူ့ဘာသာ တစ်ယောက်တည်း ဖြစ်ပျက်နေတာ..."
VOCÊ ESTÁ LENDO
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...