The Best Day

26.5K 1.1K 103
                                        

ညက ခဏဖျားသွားသောအဖျားကြောင့် မျက်နှာလေးက အနည်းငယ်ချောင်ကျသွားကာ ဖျော့တော့တော့ဖြစ်နေသည်။ထို့ကြောင့် ရေဓာတ်ခန်းခြောက်နေသော အသားအရေလေးတွေကိုကြည့်ကာ သူက ရေခွက်ကို ပါးစပ်နားတေ့ပေးလိုက်ရင်း

"ရေသောက်လိုက်ဦး..."

နံနက်ခင်းပိုင်းမှာတော့ အဖျားကျသွားကာ အကောင်းပကတိဖြစ်နေပြန်သောကြောင့် သူက စိတ်အေးသွားရပေမဲ့ အစားကောင်းကောင်းဝင်အောင် သေချာဂရုစိုက်ကျွေးနေရသည်။တစ်သက်လုံးက မကြိုက်ခဲ့ဖူးသောဆန်ပြုတ်ကို အခုချိန်မှာတော့ သူမက တစ်ချက်ဂျီးမများဘဲ သူခွံ့ကျွေးနေသမျှကို ကောင်းကောင်းစားပြီးလျှင် ဆန်ပြုတ်တစ်ပန်းကန်ကုန်သည့်အချိန်မှာ ထပ်ကျွေးလိုက်သည့် ကြက်ဥပူတင်းပူပူလေးကိုလည်း တစ်ဝက်ကျိုးသည်အထိ ကုန်အောင်စားသည်။ပြီးလျှင် အဆုံးသတ်မှာ နွားနို့တစ်ဖန်ခွက်အား ကုန်အောင်မော့သောက်လိုက်သည့် သူမကိုကြည့်ကာ သူက ကျွေးတုန်းကကျွေးပြီးမှ စိုးရိမ်စွာဖြင့် ပြောမိပြန်သည်။

"တစ်ခါတည်းကို အများကြီးစားလိုက်တာ အဆင်ပြေရဲ့လား...။ရင်ပြည့်ပြီးတော့ အန်ချင်လာမှာစိုးတယ်..။တစ်ခါစားရင် နည်းနည်းချင်းစီနဲ့ အကြိမ်ရေများများစားတာက ပိုကောင်းမယ်ထင်တယ်နော် သဲ..."

"ဟင့်အင်း..အဆင်ပြေတယ်...။နိုးကတည်းက ဗိုက်တွေဆာပြီးတော့ နုံးနေတာ..."

ပြောပြီး သူ့ဆီသို့ အားကုန်သလိုမှီတွယ်လာသောကြောင့် သူက သိုင်းဖက်ကာ ထွေးပိုက်ထားလိုက်ရင်း နဖူးလေးကို သူ့နှုတ်ခမ်းနှင့် ကပ်ကြည့်လိုက်သည်။

ကိုယ်အပူချိန်ကတော့ ပုံမှန်အတိုင်းပဲဖြစ်ကာ အဖျားရှိမနေတော့ပေ။

ထိုအချိန်တွင် ပါးပြင်လေးကို ခပ်ဖွဖွပွတ်သပ်နေမိသော သူ့လက်အပေါ်သို့ သူမ၏လက်ကလေးက ထပ်ပြီးဆုပ်ကိုင်လာရင်း

"ညက စိတ်တွေတအားပူသွားမှာပဲ...။စိတ်ရောလူရော ပင်ပန်းအောင်လုပ်မိလို့ တောင်းပန်ပါတယ်...။နောက်ထပ်အဲ့လိုမဖြစ်အောင် ပိုဂရုစိုက်ပြီးနေတော့မယ်..။ထပ်မဖြစ်စေရတော့ဘူး..."

You are the only Exception!Место, где живут истории. Откройте их для себя