အိမ်ပြန်ရောက်၍ ညစာစားပြီးချိန်မှာ ဇင်မင်းက ph ဆက်လာသောကြောင့် သူ ph ပြောနေသောအချိန်တွင် သူမကတော့ နေ့လယ်ကတင်ထားသောပို့စ်မှ comment တွေကိုလိုက်ဖတ်ရင်း ရယ်နေရသည်။အချိန်ပြည့် စတိုင်မလိုင်များနေတတ်သောသူက ရေခဲချောင်းကိုက်စားနေသောပုံကို တစ်ခါမှမတွေ့ဖူးသည့် သူ့ရဲ့အပေါင်းအသင်းတွေကတော့ ဝိုင်းဝန်းစနောက်ကာ ပွဲဖြစ်နေလေပြီ။သူသိလျှင်တော့ မျက္မှောင်ကြီးကြုတ်ကာ စိတ်ကောက်ဦးမလားမသိပေမဲ့ သူမကတော့ ထိုပုံလေးကိုကြည့်ပြီး သဘောကျစွာဖြင့် ကြည်နူးရပေသည်။
ထိုသို့ဖြင့် တင်ထားသောပုံကို တစ်ယောက်တည်းပြုံးပြီးကြည့်နေမိစဉ် သူက အခန်းထဲပြန်ဝင်လာကာ သူမ၏လက်ထဲမှ ph ကိုတစ်ချက်ကြည့်ရင်း
"ဘာတွေသဘောကျနေတာလဲ..."
သူမက သူ့ကိုမော့ကြည့်ပြီး မျက်နှာချိုသွေးလိုက်ရင်းမှ
"နေ့လယ်ကတင်ထားတဲ့ပုံမှာလေ..ကို့ကို tag တွဲမိလိုက်တော့ ကို့အကောင့်ထဲကလူတွေအကုန်လုံး စနောက်နေကြပြီ...။အဲ့ဒါ ဘယ်လိုလုပ်ရမလဲဟင်..၊ကိုမကြိုက်ရင် ပြန်ဖျက်ပေးရမလား..."
သို့နှင့်ပင် သူမ၏ ph ကို ယူကြည့်လိုက်သောသူ့မျက်နှာက ကျေနပ်သွားပုံဖြင့် ချက်ချင်းပြုံးသွားရင်း
"ဘာလို့ဖျက်ရမှာလဲ မဖျက်ပါနဲ့..။ခုမှ တခုတ်တရတင်ထားတဲ့ပုံကို..."
"မဟုတ်ဘူးလေ...၊သေချာပြန်စဉ်းစားကြည့်တော့ ကိုက အကုန်လုံးရှေ့မှာ အမြဲတမ်း မှင်နဲ့မောင်းနဲ့ နေလာခဲ့တာမို့လား...။ဒီလိုတင်လိုက်တော့ ကို့ပုံရိပ်ထိခိုက္မှာစိုးလို့လေ...။တင်တုန်းက အဲ့ဒါကိုမစဉ်းစားမိလိုက်ဘူး...၊ခုမှပဲတွေးမိတယ်..."
ထိုအခါတွင် သူက သူမလေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်ရင်းမှ မော့ကြည့်နေသော သနားကမားမျက်နှာလေးအား ကြင်နာစွာပြုံးပြကာ
"ကိုယ့်မိန်းမကတင်တဲ့ပုံပဲ သဲရယ်...၊ဘာလို့ သူများအမြင်တွေ ထည့်တွက်နေရမှာလဲ...။သူတို့ရှေ့မှာဘယ်လိုနေနေ သဲရှေ့မှာ ဒီလိုနေပါတယ်ဆိုတာလဲ ဖုံးကွယ်စရာမရှိဘူးလေ...။ကိုယ်က အစကသာ ကိုယ့်ကိုယ်ကိုယ် ဒီလိုပုံစံမျိုးမမြင်ဖူးတော့ တစ်မျိုးဖြစ်နေသေးတာ...။ဒါေပမဲ့ သဲပျော်နေတာမြင်ရတော့လဲ ဘာမှထည့်တွက္မနေမိတော့ဘူး...။ပြီးတော့ Love you Ko လို့ caption ရေးထားတဲ့ပို့စ်ကို ပြန်ဖျက်စရာလား...၊မဖျက်နဲ့ ဒီအတိုင်းပဲထားလိုက်..."
ESTÁS LEYENDO
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...