My Room

33.6K 1.2K 27
                                    

သူသည် နှုတ်ခမ်းထက္မှ ညင်သာစွာထိတွေ့နေသော အထိအတွေ့လေးကြောင့် အိပ်နေရာကနေ နိုးလာခဲ့ရသည်။သို့သော် ချက်ချင်းမထဖြစ်သေးဘဲ မျက်လုံးတွေကိုဆက္မှိတ်ထားကာ အိပ်ချင်ယောင်ဆောင်နေလိုက်ရင်း အာရုံတစ်ခုလုံးအား သူ့နှုတ်ခမ်းပေါ်ကအထိအတွေ့လေးတွေဆီမှာ အပြည့်အဝပို့ထားလိုက်သည်။

သူ့ပါးနှစ်ဖက်အား ခပ်ဖွဖွထိကိုင်ကာ အသာအယာနမ်းရှိုက်နေသည့် နူးညံ့အိထွေးသောနှုတ်ခမ်းလေးတွေက အိပ်ရာနိုးကာစ သူ့ရဲ့စိတ်နှင့်ခန္ဓာကို ချက်ချင်းပင်နိုးကြားလာစေသည်။နမ်းနေသည့်ပုံစံလေးကပင် သူ့အပေါ်မှာ ချစ်ခင်တွယ်တာမှုအပြည့်ရှိလှသောစိတ်လေးကို ပေါ်လွင်ထင်ဟပ်နေစေသည်မို့ သူက ရင်ခုန်ကြည်နူးမှုအပြည့်ဖြင့် ဘဝင်ခိုက်နေရရင်း ကျေနပ်မှုအဟုန်တို့သည်လည်း တရိပ်ရိပ်မြင့်တက်နေရသည်။ထိုသို့ဖြင့် အတန်ကြာသည်အထိနမ်းပြီးချိန်မှာ ဖယ်ခွာသွားတော့မည့်ဟန်ပြင်လိုက်သည့် သူမ၏နှုတ်ခမ်းလေးတွေအား သူက သူ့ဆီကနေခွာမသွားခင်မှာပင် အမိအရပြန်လည်ဖမ်းယူလိုက်သည်။

"အင့်"

ထင်မှတ်မထားသောကြောင့် သူမက လန့်သွားရသော်လည်း တိမ်းမူးဖွယ်ရာသူ့အနမ်းတွေဆီမှာ ပြန်လည်မျောပါသွားရပြန်ကာ သူဦးဆောင်ရာသို့ ထပ်တူကျစွာလိုက်ပါလာလေသည်။ထို့နောက် အတန်ငယ်ကြာသွားချိန်တွင် သူကလွှတ်ပေးလိုက်ကာ

"ဘယ်အချိန်ကတည်းကနိုးနေတာလဲ...။စောသေးတယ်လေ...၊ထပ်အိပ်ပါဦးလား..."

"ဟင့်အင်း မအိပ်ချင်တော့ဘူး ထတော့မယ်..."

သူက သူမ၏ခေါင်းလေးကို ခပ်ဖွဖွပွတ်သပ်ပေးနေရင်း

"ဘာစားချင်လဲ..."

သူ့အမေးကို သူမက အသာအယာခေါင်းယမ်း၍

"ဟိုတယ်ကိုပဲသွားစားမယ်...။မနေ့ကလဲ အပင်ပန်းခံချက်ကျွေးထားတာကို ဒီနေ့ ဘာမှမလုပ်နဲ့တော့"

"မပင်ပန်းပါဘူး သဲရယ်...။သဲကို ချက်ကျွေးရလို့ ပင်ပန်းတယ်ဆိုတာ ဘယ်တုန်းကမှမရှိခဲ့ဘူး...။ဘယ်တော့မှလဲ ရှိလာမှာမဟုတ်ဘူး..."

ထိုအခါ သူ့စကားကြောင့် ပီတိဖြစ်သွားရသောသူမက ကျေနပ်စွာပင်ပြုံးလိုက္မိရင်း သူ့အနားကိုပို၍တိုးကပ်ကာ

You are the only Exception!Where stories live. Discover now