လွမ်းဆွတ်ခြင်း

35.9K 1.4K 26
                                    

Your Dream ကိုပြန်ရောက်လျှင် ကားရပ်လိုက်သည်နှင့် သူလာချီမှာစိုးကာ သူမက ကပျာကယာဆင်းရန်ပြင်လိုက်သော်လည်း ခြေထောက်ကမထောက်နိုင်။ထို့ကြောင့် သူက အမြန်သွားပြီး ပွေ့ချီရန်ပြင်လိုက်သော်လည်း သူမ၏လက်တွေက ဇွတ်အတင်းတွန်းထုတ်လာရင်း အလန့်တကြားပြောလာသည်။

"ကျွန်မဘာသာ လျှောက်နိုင်အောင်လျှောက္မယ် ဘာမှမဖြစ်ဘူး...။ဒီမှာကျွန်မကိုထိဖို့စိတ်မကူးနဲ့..။ဝန်ထမ်းတွေရော သီဟတို့​ေရာရှိတယ် ဖယ်..."

"ခြေထောက်ကဒီလောက်နာနေတာ ဘယ်သူ့ကိုဂရုစိုက်​ေနရဦးမှာလဲ... "

ပြောပြီးသည်နှင့် သူမကိုပွေ့ချီပြီး ကားထဲမှထုတ်လိုက်လျှင် ရုတ်တရက်လေပေါ်မြောက်သွားရသည်မို့ လန့်သွားရသောသူမက ပြုတ်မကျစေရန်အတွက် သူ့လည်ပင်းအား အမြန်သိုင်းဖက္မိသွားသည်။ထိုအခါ သူက သဘောကျသလို တစ်ချက်ရယ်လိုက်သောကြောင့် ဒေါသထွက်သွားရသောသူမက သူ့ပုခုံးကို လက်နှင့်ထုလိုက်ရင်း

"ရှင် ဘယ်လိုဖြစ်နေတာလဲ...။ဝန်ထမ်းတွေရှေ့မှာ ကျွန်မကိုအရှက်ခွဲချင်နေတာလား...။အခုချက်ချင်းလွှတ်နော်..."

"ခြေထောက်နာလို့ပွေ့ချီလာတာကို ဘယ်သူက ဘာပြောမှာလဲ...။ပွေ့မချီဘဲနဲ့ သူတို့စီးအိုကို ဒီအတိုင်းလမ်းလျှောက်လာခိုင်းမှသာ ကိုယ့်ကိုပြောကြမှာ...။ငြိမ်ငြိမ်နေ..မင်း ဒီလိုရုန်းနေမှ ပိုထူးဆန်းနေလိမ့်မယ်..."

သို့နှင့် သူ့စကားကြောင့်ရော ရှေ့မှာ သီဟတို့လင်မယားနှင့် ဝန်ထမ်းတွေကိုမြင်လိုက်ရသည့်အတွက်ကြောင့်ရော သူမက ဘာမှပြန်မပြောနိုင်ဘဲ ငြိမ်သွားရ‌သည်။

"ဘယ်လိုဖြစ်တာလဲ..."

တွေ့တွေ့ချင်း သီဟက ချက်ချင်းမေးကာ ဝင့်ဝါကတော့ သူမအနားသို့ပြေးလာသည်။

"ချော်လဲပြီးတော့ ခြေကျင်းဝတ်လည်သွားတာ...။ဆေးတော့လိမ်းထားပြီးပြီ...။ဒါပေမဲ့ ဆေးခန်းတော့ ထပ်ပြဦးမှဖြစ်မယ်...။‌ေခြကျင်းဝတ်လည်သွားတာဆို‌ေတာ့ မနက်ကျရင် ပြန်ရောင်လာမှာစိုးလို့.."

ထိုသို့သော တည်တည်ကြည်ကြည်ပြောစကား‌ေတွကို ဘာမှမသိသောသီဟကတော့ လေးလေးစားစားခေါင်းညိတ်ပြရင်းမှ သူမအား ကြည့်လာသည်။

You are the only Exception!Donde viven las historias. Descúbrelo ahora