နံနက်ကို တောင်တက်ရန်အတွက် မအိပ်ခင်ကတည်းက စောစောထဖို့တွေးလိုက္မိသောသူမသည် အခုတော့ အမှန်တကယ်ပင် စောစောစီးစီးနိုးလာခဲ့ရသည်။ထိုအခါတွင် ထိကပ်ကာအိပ်နေမိသည့် အင်္ကျီမဝတ်ထားသောသူ့ရင်ဘတ်က အဲကွန်းလေနှင့်အေးနေပြီမို့ စောင်ကိုအပေါ်ထိရောက်အောင်ဆွဲခြုံပေးလိုက်ရင်းမှ သူမ၏လက်တွေကပါ သိုင်းဖက်ပေးထားလိုက်လျှင်
"ဘာလို့ အစောကြီး နိုးနေတာလဲ...။ဗိုက်ဆာလို့လား..."
တိုးဖွဖွသူ့အသံက အနည်းငယ်ခပ်အက်အက်ဖြင့် အိပ်ချင်မူးတူးဖြစ်နေသေးသည်။ထို့နောက် သူ့ရင်ခွင်ထဲသို့ တိုးဝှေ့ဝင်ရောက်လာသောသူမကို တင်းနေအောင်ပြန်လည်ထွေးဖက်လိုက်ကာ ခေါင်းပေါ်မေးတင်ထားရင်းမှ မေးလာသောသူ့အား
"မဆာပါဘူး...။တောင်တက်ဖို့စိတ်လောနေလို့ သူ့ဘာသာနိုးလာတာ...။ကြည့်ဦး..အင်္ကျီဝတ်မအိပ်တော့ အသားတွေအေးစက်နေပြီ...၊လေဖြတ်တော့မှာပဲ..."
ပြောနေရင်း အနည်းငယ်လွတ်သွားသောစောင်ကို ပြန်ပြီးဆွဲတင်ပေးလိုက်လျှင် သူက သေချာဆွဲခြုံ၍ စောင်နှင့်အတူ သူမကိုပါ လုံနေအောင်ထွေးဖက်ထားလိုက်ရင်း
"နွေးပြီလား..."
"အွန်း..အိပ် အိပ် အစောကြီးရှိသေးတယ် ပြန်အိပ်ဦး..."
"အနမ်းပေး..."
သူမက အိပ်ချင်နေသေးတာတောင် သူလိုချင်တာတောင်းဖို့ သတိရနိုင်သေးသောသူ့အား ချစ်ရစွာဖြင့် သူ့နှုတ်ခမ်းကိုအသာလေးနမ်းလိုက်ရင်းမှ
"အိပ်တော့နော် အရမ်းချစ်တယ်..."
"အွန်း အရမ်းချစ်တယ်..."
*
*
*
သူပြန်နိုးလာချိန်မှာ သူမကတော့ အိပ်ပျော်နေဆဲပင်ဖြစ်သည်။
နာရီကိုကြည့်လိုက်တော့ ခုနစ်နာရီထိုးတော့မည်။
မျက်စိရှေ့တည့်တည့်က အိပ်ပျော်နေသောမျက်နှာလေးကိုကြည့်နေရင်း မထချင်သေးသည်မို့ ဒီနေ့အပြင်သွားရမည်ဆိုသော်လည်း သူမကိုမနှိုးဖြစ်သေးဘဲ ဒီအတိုင်းပင် ထားလိုက်သည်။
BẠN ĐANG ĐỌC
You are the only Exception!
Lãng mạnအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...