ဒီရက်ပိုင်းတွေဟာ သူမအတွက်တော့ အလုပ်များမည့်ကာလတွေသာပင်။အဘယ်ကြောင့်ဆိုသော် သူမတို့နှင့်ပူးပေါင်းထားသော ကော်ဖီခြံမှ လုပ်ငန်းစတင်ရန်အတွက် အဆင်သင့်ဖြစ်နေပြီဆိုသည့်အကြောင်းအား အကြောင်းကြားလာသောကြောင့်ဖြစ်သည်။သို့ဖြစ်၍ သူမတို့ဘက်က ကော်ဖီခြံနှင့်ပတ်သက်သည့်အကြောင်းအရာများ ၊ join လို့ရမည့် Trekking လမ်းကြောင်းများအကြောင်းကို Your Dream ၏ Page တွင် စတင်မိတ်ဆက်ရပေတော့မည်။
ထို့အတွက် လိုအပ်သည့်ပုံများ၊ video များရိုက်ရန်အတွက် မနက်ဖြန်မှာ ကော်ဖီခြံသို့ တစ်ခေါက်ထပ်သွားရမည်ဖြစ်လေရာ သူမက စောစောပင်အိပ်ရာဝင်ခဲ့လိုက်သည်။နံနက်ကိုလည်း စောစောထကာ အိပ်ရာမှနိုးလာသည်နှင့် တစ်နေကုန်အလုပ်လုပ်ဖို့ Productive Day ဖြစ်နေစေရန်အတွက်ကို အားအင်အပြည့်ဖြင့် တက်ကြွစွာပင် ထပြေးလိုက်ေသးသည်။ထိုသို့ဖြင့် ငါးနာရီခွဲကနေပြေးလိုက်သည်က ပြန်ရောက်တော့ ခြောက်နာရီခွဲကျော်ကျော်ဖြစ်နေပြီ။အနီးနားပတ်လည်ကို ပြေးလိုက်နားလိုက်လုပ်လာသည်ဖြစ်၍ လူတစ်ကိုယ်လုံး ချွေးတွေစိုနေပြီဖြစ်ကာ အတော်လည်းမောနေေလပြီ။ထို့ကြောင့် အခန်းထဲကို ချက်ချင်းတန်းမဝင်နိုင်သေးဘဲ အပူကျသွားစေရန်အတွက် အခန်းရှေ့ကခုံမှာထိုင်ကာ ရှေ့မှာရှိသည့်အပင်တွေကိုကြည့်ရင်း ခဏနားရသည်။ပြီးနောက် ချွေးတိတ်သွားမှသာလျှင် အခန်းထဲဝင်ပြီး ရေချိုးကာ ပြင်ဆင်၍ပြီးစီးသည်နှင့် နံနက်စာစားရန်အတွက်ကို Dining Room ဘက်သို့ ထွက်လာခဲ့လိုက်တော့သည်။
ကော်ဖီခြံသို့သွားရမည်မှာ ပုံတွေ၊ videoတွေ ရိုက်ရန်ဖြစ်သောကြောင့် သူမက ဒီနေ့ ပေါ့ပေါ့ပါးပါးသာ ဝတ်ဆင်ထားသည်။အပြာနုရောင်ဂျင်းဘောင်းဘီရှည်တည့်ပွလေးကို အပေါ်က crop top အဖြူရောင်လက်တိုလေးနှင့်တွဲဝတ်၍ အပေါ်ထပ်ကိုတော့ ဘောင်းဘီနှင့်အရောင်တူ ဂျင်းဂျက်ကတ်တစ်ထည်အား ထပ်ဝတ်ထားသည်။ Trekking သွားရမည်မို့ ရိုးရိုးရှင်းရှင်းကြိုးသိုင်းဖိနပ်အဖြူလေးကိုသာ စီးထားလေသောသူမ၏ပုံစံက ကြည့်လိုက်သည်နှင့် လွတ်လပ်ပေါ့ပါးမှုအပြည့်ပင်ဖြစ်သည်။
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
