Your Dream Library📖

24.5K 1K 93
                                    

"ဒီနေ့ ဘယ်သွားချင်လဲဟင်..၊ဘယ်တွေလျှောက်လည်ချင်လဲ...၊လိုက်ပို့ပေးမယ်..."

"ဟင့်အင်း ဘယ်မှမလည်ချင်ပါဘူး..."

ပြောနေရင်းနှင့်မှ သူမက သတိရသွားမိ၍

"ကို..ကို တက်ခဲ့တဲ့ကျောင်းကို လိုက်ပြပါ့လားဟင်..၊ကြည့်ချင်တယ်..."

သူက ရင်ခွင်ထဲရှိ သူမ၏နဖူးလေးကို ငုံ့နမ်းကာ ဖိကပ်ထားလိုက်ရင်း

"ကျောင်းကိုသွားပြီးတော့ ဘာလုပ်ချင်လို့လဲ..."

"အော်...ကို တက်ခဲ့တဲ့ကျောင်းကို မြင်ချင်တယ်လေ..၊ပြီးတော့ ကို့ရဲ့ကျောင်းသားဘဝကိုလဲ ပုံဖော်ကြည့်ချင်တယ်...။ပြန်တွေးကြည့်လိုက်ရင် သူ ဘယ်နေရာမှာ ဘယ်လိုစာသင်ခဲ့တယ် ဘယ်လိုနေခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမြင်ကြည့်ချင်လို့"

"ကိုယ် ဘယ်နေရာမှာ ဘယ်လိုချိန်းတွေ့ခဲ့တယ်ဆိုတာရော သိချင်တာမဟုတ်ဘူးလား..."

ကြည်ကြည်နူးနူးနှင့် အကောင်းပြောနေသည်ကို မခံချင်အောင်လာစသောသူ့ကြောင့် သူမက နံနက်စောစောစီးစီးစိတ်တိုသွားရလျှင် ချက်ချင်းပဲ သူ့ကို အော်ပစ်လိုက်သည်။

"ဟာသပဲ..၊ဘာကိစ္စ အဲ့ဒါတွေကိုသိချင်နေရမှာလဲ...။ကို့ဘာသာ ရည်းစားပေါင်းသောင်းခြောက်ထောင်နဲ့ ဘယ်နေရာမှာ ဘာလုပ်လုပ် စိတ်မဝင်စားဘူး...။ပွေခဲ့တာရှုပ်ခဲ့တာကိုများ ဘာကိစ္စ အရေးတယူလိုက်ကြည့်နေရမှာလဲ..."

ထိုကဲ့သို့ တောက်လျှောက်ရန်ထောင်နေရင်းမှ ခေါင်းထဲမှာ ဆက်တိုက်တွေးမိသွားပြန်လျှင် သူ့ကို စူးခနဲမော့ကြည့်မိကာ

"နေပါဦး...၊ကိုကမှ အခု အဲ့ဒါတွေကို ပြန်သတိရနေတာမို့လား...။မေးနေစရာကိုမလိုဘူး...၊သတိရလို့ စိတ်ထဲပေါ်လာလို့ ဒီစကားထွက်လာတာပေါ့။ဟား..ကျောင်းဆိုတာနဲ့ပဲ ထားခဲ့သမျှရည်းစားတွေနဲ့ သွားခဲ့လာခဲ့တာကို ကိုယ့်မိန်းမရှေ့မှာတောင် တန်းသတိရတယ်ဟုတ်လား...၊လူယုတ်မာ..."

သူမဘာသာတွေးပြီး သူမဘာသာပြောကာ သူမဘာသာပင်စိတ်တို၍ ပြောနေရင်းစိတ်ထိန်းမရတော့လျှင် မျက်နှာနှင့်ကပ်နေသောသူ့ရင်ဘတ်ကို အားနှင့်ကိုက်ပစ်လိုက်တော့သည်။

You are the only Exception!Dove le storie prendono vita. Scoprilo ora