Mine❤️

28.4K 1.1K 136
                                    

နံနက္မိုးသောက်ချိန်လောက်တွင် အေးစိမ့်နေသည့်ရာသီဥတုမှာ စောင်လွတ်နေသောကြောင့် နိုးလာခဲ့ရသောရွှေခေတ်သည် သူ့ဘက်ကို ပို၍တိုးကပ်ရင်း စောင်ကိုလုံနေအောင် ခေါင်းပေါ်အထိတက်ခြုံလိုက်သည်။ထိုအခါ သူက သူ့ခြေထောက်ကြားထဲထိုးထည့်လာသည့် ခြေထောက်လေးတွေ၏အထိအတွေ့နှင့် ရင်ခွင်ထဲသို့တိုးဝှေ့ဝင်လာသော ကိုယ်လုံးလေးကြောင့် အိပ်နေရာမှနိုးလာခဲ့ရသည်။အတင်းတိုးဝှေ့နေသည်မို့ တစ်ကိုယ်လုံးကိုသိုင်းဖက်ကာ ထွေးပွေ့ထားလိုက်ရင်း ရင်ခွင်ထဲကသူမအား ချက်ချင်းငုံ့ကြည့်ကာ မေးရလေသည်။

"သဲလေး ဘာဖြစ်လို့လဲ အေးလို့လား..."

သူမက သူ့ရင်ခွင်ထဲမှာ တစ်ကိုယ်လုံးနစ်ဝင်နေအောင် ဖိကပ်တိုးဝင်ထားရင်း

"အွန်း..အေးတယ်...။နိုးလာတော့ စောင်လွတ်နေတာ..."

"ကျွတ်..ကိုယ် သတိလွတ်သွားတာ...၊သဲက အမြဲတမ်း ညလယ်လောက်ဆို စောင်တွေကန်ထုတ်ပစ်တတ်တယ်...။ဂရုစိုက်ပြီး ခြုံပေးရမှာကို..၊ဆောရီးပါ သဲလေးရယ်...။ခုရော နွေးပြီလား..."

"အွန်း နွေးပြီ..."

သူက အနည်းငယ်အေးနေသေးသည့်ခြေဖဝါးလေးတွေကို သူ့ခြေထောက်ကြားထဲ ထွေးပိုက်ပေးထားလိုက်ရင်း စောင်ကိုကပ်နေအောင် ခြုံပေးထားလိုက်သည်။အပြင်မှာက အလင်းရောင်ထွက်ပေါ်နေပြီဖြစ်သော်လည်း အပင်တွေအုပ်မိုးထားသည့် တောထဲမှာဖြစ်သောကြောင့် ရောင်နီပျိုးစအချိန်မှာ လင်းအားမကြီးသေးဘဲ အနည်းငယ်မှောင်နေသေးသည်။ထို့နောက် ပြန်ပြီးအိပ်ပျော်သွားပြီဖြစ်သော သူမ၏ပါးလေးတွေကိုစမ်းကြည့်လိုက်လျှင် နွေးနေသည်ကိုတွေ့ရတော့မှ သူသည်လည်းပဲ စိတ်ချလက်ချဖြင့် ပြန်အိပ်နိုင်‌ေပတော့သည်။

ထိုသို့ဖြင့် အိပ်ရာကနေ သူပြန်နိုးလာသောအချိန်မှာတော့ နေရောင်ခြည်သည် ထင်းရှူးတောထဲတွင် ကောင်းကောင်းထွက်ပေါ်နေပြီဖြစ်ကာ နာရီကိုကြည့်လိုက်လျှင် ရှစ်နာရီထိုးနေပြီဖြစ်သည်။သို့နှင့် သူမကိုကြည့်လိုက်သောအခါတွင် ကောင်းကောင်းအိပ်ပျော်နေဆဲသာဖြစ်သောကြောင့် မနှိုးသေးဘဲ နိုးလာချိန်မှာ မျက်နှာသစ်ဖို့အဆင်သင့်ဖြစ်နေအောင် ရေနွေးတည်ထားပေးရန်အတွက် သူက အသာထလိုက်တော့သည်။ဟိုတယ်ဘက်ကနေ နံနက်စာကို သူတို့လှမ်းမှာမှပင် လာပို့ပေးမည်ဖြစ်၍ သူမက နိုးမည့်ပုံမပေါ်သေးလျှင် ခဏလောက်နေမှသာ မှာဖို့စိတ်ကူးကာ ရေနွေးတည်ရန်အတွက် မီးဖိုကိုအရင် လာပို့ခိုင်းလိုက်သည်။

You are the only Exception!Tempat cerita menjadi hidup. Temukan sekarang