လူကတော့ နိုးေနပြီဆိုသော်လည်း ခေါင်းက တအားထိုးကိုက်နေသောကြောင့် သူမ၏မျက်လုံးတွေမှာ တော်တော်နှင့်မဖွင့်နိုင်သေးပေ။ထို့ကြောင့် ခေါင်းကို လက်နှစ်ဖက်နှင့်အုပ်ကိုင်ရင်းမှ အတင်းဖွင့်ကြည့်လိုက်လျှင် အလင်းရောင်ဝင်ရောက်ကာ လင်းလင်းကျင်းကျင်းရှိနေပြီဖြစ်သောအခန်းအား အရင်ဆုံးတွေ့လိုက်ရလေသည်။ထိုအခါ အိပ်ရာမှနိုးသည်နှင့် အချိန်ကိုကြည့်နေကျဖြစ်သောအကျင့်အတိုင်း သူမက ကုတင်ဘေးရှိ မှန်တင်ခုံပေါ်မှာထားတတ်သည့် ph ကိုယူရန် လက်လှမ်းလိုက္မိသည်။အိပ်ချင်နေသေးသည့်မျက်လုံးတွေကတော့ အခုထက်ထိ ကောင်းကောင်းမပွင့်သေး။
သို့သော် သူမ၏လက်က လှမ်းသာလှမ်းနေရသော်လည်း မှန်တင်ခုံကိုမစမ်းမိဘဲ လေထဲတွင်သာတန်းလန်းဖြစ်နေသောကြောင့် မျက်လုံးကိုအတင်းပြူးပြဲကာ ဖွင့်ကြည့်လိုက်လျှင်
"ဟင်..."
မှန်တင်ခုံက ဘယ်ရောက်သွားတာလဲ...။
မျက်လုံးတွေကို လက်နှစ်ဖက်နှင့်ပွတ်သပ်ပစ်လိုက်ရင်း ထပ်ပြီးပြန်ကြည့်လိုက်သည်။
သေချာတယ် လုံးဝမရှိဘူး...။
ဘယ်လိုဖြစ်တာလဲ...။
အခုထိမူးနေသေးလို့ပဲ မှန်တင်ခုံကြီးတစ်ခုလုံးကိုတောင် မတွေ့တာများလား...။
ဒီဘက္မှာမတွေ့လျှင် သူမက ဟိုဘက်ခြမ်းကိုလှည့်ကြည့်လိုက်သည်။သို့ရာတွင် ဒီဘက္မှာလည်းမရှိဘဲ စားပွဲပုလေးသာရှိနေသည်။ထိုသို့ဖြင့် ဟိုဘက်ကိုကြည့်လိုက် ဒီဘက်ကိုကြည့်လိုက်ဖြစ်နေရင်း စိတ်တွေက ကပေါက်တိကပေါက်ချာဖြစ်လာကာ အစောတုန်းက အိပ်ချင်နေသောစိတ်ကလည်း အနည်းငယ်ပြေလာပြီ။
နေပါဦး.....။
ဘယ်လိုဖြစ်ရတာလဲ...။
ထို့နောက် စဉ်းစားနေရင်းမှ သူမ၏မျက်လုံးတွေသည် မျက်နှာမူထားရာအခန်း၏အခြမ်းကို သေချာကြည့်လိုက္မိလျှင် စိတ်ထဲမှာ ဒိန်းခနဲမြည်ကာ တစ်ခုခုလွဲနေပြီမှန်း သတိပြုမိလာရသည်။သို့နှင့် ခေါင်းတွေသေအောင်ကိုက်နေသည့်ကြားမှ ထူထူပူပူနှင့်ပင် ဦးနှောက်ကိုရအောင်အလုပ်ပေးလိုက်လျှင်
VOUS LISEZ
You are the only Exception!
Roman d'amourအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...