12:17AM
သူသည် သူ့ဘက်ဆီသို့ လက်တွေခြေထောက်တွေနှင့်သိုင်းဖက်ကာ တိုးဝင်လာသောကိုယ်လုံးလေးအား ဝမ်းသာအားရဖြင့် တင်းကျပ်စွာ ထွေးဖက်ထားလိုက်သည်။သူမကတော့ သူ့ရင်ဘတ်ကိုမျက်နှာကပ်၍ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေဆဲပင်။သို့နှင့် နဖူးလေးကို သူ့နှုတ်ခမ်းနှင့် အသာဖိကပ်ထားပြီး သဘောကျကျေနပ်စွာပြုံးနေမိရင်း အိပ်ချင်စိတ်တို့က တစိုးတစိမျှရှိမနေ။မနေ့ညကလိုပင် သူမကိုပွေ့ဖက်ထားကာ ကျေနပ်နေရင်းဖြင့် မိုးလင်းသွားပေဦးမည်။
မအိပ်ခင်က ဘယ်လောက်ပင်စိတ်တွေတိုကာ ဒေါသတွေထွက်ပြီး သူ့ကို မကျေမနပ်ဖြစ်နေပါစေ။အိပ်ပျော်သွားချိန်မှာတော့ သူမက စောင်တွေကိုတွန်းထုတ်ပစ်၍ သူ့ဆီသို့တိုးကပ်လာကာ တိုးဝှေ့ဖက်တွယ်စမြဲပင်။သူ့မှာ ထိုအချိန်လေးရောက်သည်အထိ မအိပ်မနေစောင့်၍ သူမလေးအနား ကပ်ခွင့်ရနိုင်ရန်အတွက်ကို ကြိုးစားအားထုတ်ရလေသည်။အခုလည်း ကြားလေမသွေးနိုင်အောင် ရင်ခွင်ထဲသို့ဆွဲယူထွေးပွေ့ထားပြီး ခေါင်းလေးကိုဖွဖွနမ်းရှိုက်နေရင်းမှ ဒီအခြေအနေကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်ရမလဲဆိုသည်ကိုသာ သေချာစဉ်းစားတွေးတောနေရသည်။ဒီပုံစံအတိုင်းဆို ကြာလျှင် သူလည်းမလွယ်ေပ။
*
*
*
နံနက်ရောက်လျှင် သူမကတော့ ထုံးစံအတိုင်း နိုးလာသည်နှင့် သူ့ကိုဇွတ်တွန်းထိုးကာ မျက်နှာတွေစူပုပ်ပြီး ရေချိုးခန်းထဲဝင်သွားသည်။ထို့နောက် ပြင်ဆင်ပြီး နှစ်ယောက်သား ဟိုတယ်ဘက်ထွက်လာကြသည်အထိ တစ်လျှောက်လုံး သူ့ကိုစကားမပြော။နံနက်စာကိုလည်း သူ့ကိုအရေးမလုပ်စတမ်းစားပြီးသွားလျှင် Dining Room ထဲရောက်လာသော မနန်းမိုဆီသွားကာ တိုးတိုးကပ်၍ပြောနေသည်ကို တွေ့ရလေသည်။ကြည့်ရသလောက်တော့ လောလောဆယ် သူ့ကို ပြတ်ပြတ်သားသားပလစ်ထားလိုက်ပြီဖြစ်သည့်သူမက ခေါင်းထဲမှာ အလုပ်ကလွဲလျှင် ကျန်သည့်ကိစ္စထည့်ချင်ပုံမရ။ဘယ်လိုမှချော့လို့မရသေးသည့်အခြေအနေမို့ ဇွတ်မလုပ်ရဲဘဲ ငြိမ်နေရုံကလွဲလျှင် သူ့မှာလည်း ဘာမှမတတ်နိုင်။
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...