နံနက်ရောက်လျှင် နှစ်ယောက်သား ပြင်ဆင်ကာ နံနက်စာစားပြီးသည်နှင့် ဟဲဟိုးလေဆိပ်သို့ တန်းထွက်ခဲ့လိုက်ကြသည်။မိဘများနှင့်တွေ့ချင်သေးသည်ကြောင့် ကလောမှ မန္တလေး၊မန္တလေးမှ အလုပ်ကိ္စ္စနှင့်တစ်ဖြတ်ဝင်ရသည့်ရန်ကုန်၊ရန်ကုန်မှတစ်ဆင့် သူ့မိဘများရှိရာ စင်ကာပူမြေသို့ အဆင့်ဆင့်ခရီးဆက်ခဲ့ကြရပြီးသည့်နောက် Singapore Airlines နှင့်ပင်သွားခဲ့ကြခြင်းဖြစ်ပြီး Switzerland နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော Zurich မြို့သို့ ဆယ့်သုံးနာရီကျော်ကြာသောအခါတွင် ရောက်ရှိခဲ့ကြလေသည်။အချိန်အကြာကြီးလေယာဉ်စီးခဲ့ရသောကြောင့် Zurichကိုရောက်ချိန်မှာ သူက ဘယ်မှမသွားစေတော့ဘဲ ဟိုတယ်မှာသာနားနေကြရင်းနှင့်ပင် ရောက်ရောက်ချင်းတစ်ရက်သည် ကုန်လွန်ခဲ့ရပေသည်။ထိုသို့ဖြင့် နောက်ရက္မှာတော့ တခြားမြို့တွေမသွားသေးဘဲ လောလောဆယ်ရောက်နေသည့် Zurich ကိုသာ တစ်မြို့လုံးနှံ့စပ်အောင်ပတ်ရန်အတွက်ကို ပြင်ဆင်လိုက်ကြသည်။
Zurich
Switzerland ၏ ငွေကြေးမြို့တော်ဟု တင်စားရသော Zurich သည် မြို့၏ဂုဏ်ပုဒ်နှင့်လိုက်ဖက်ညီစွာ Luxury ဆန်လှသည့် လူနေထိုင်မှုပုံစံများ၊ခမ်းနားသပ်ရပ်လှသော အဆောက်အဦးများ၊ High-End Shopping နှင့် ချောကလက္များကြောင့် ကျော်ကြားလေသည်။၁၅ ဘီစီကာလမှာ ရောမတို့တည်ထောင်ခဲ့သော မြို့တော်ဖြစ်ပြီး စတင်တည်ထောင်စဉ်က Turicum အမည်နှင့် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ကြီးကျယ်ခမ်းနားသည့် ရာဇဝင်များနှင့်မြို့တော်ပင်မို့ မူလလက်ရာအတိုင်း ပုံစံမပျက်ထိန်းသိမ်းထားနိုင်သော အလယ်ခေတ် ခေတ်ဟောင်းလက်ရာ သားနားထည်ဝါသည့်အဆောက်အဦးများနှင့်အတူ ပဲရစ်မြို့ရှိရပ်ကွက္များနှင့်ဆင်တူသော ပုံစံအများအပြားကိုလည်း ဤမြို့၌တွေ့နိုင်သည်။ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများထဲမှာပါဝင်ပြီး နေထိုင်မှုစရိတ်မြင့်မားသောကြောင့် အရာရာစျေးကြီးလှသော်လည်း လူ့အခွင့်အရေး၊အလုပ်သမားအခွင့်အရေးနှင့်ပတ်သက်လျှင် အပြည့်အဝရရှိထားသည့် ချမ်းသာသောနိုင်ငံပီပီ ငွေရေးကြေးရေးခြေသလုံးေမွးဟုသဘောထားကာ ငွေကိုပေါပေါများများသုံးနိုင်ကြသော ဆွစ်လူမျိုးများအား Zurich တွင် အားကျဖွယ် တွေ့မြင်နိုင်ပေသည်။ထိုကဲ့သို့သောမြို့တော်ဟာ နိုင်ငံ၏အကြီးဆုံးမြို့တော်ပီသစွာပင် လည်ပတ်စရာနေရာများမှာ များပြားလှသောကြောင့် သူမတို့က Zurich ကို နှစ်ရက်စာလည်ပတ်ခံစားရန်အတွက် အချိန်ပေးခဲ့ကြလေသည်။
![](https://img.wattpad.com/cover/269049768-288-k472122.jpg)
VOCÊ ESTÁ LENDO
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...