Love is Steak🍽️🍹

60.9K 1.4K 32
                                    

သူမကိုပိုင်ဆိုင်ရပြီဆိုသောအသိဖြင့် နိုးထလာရသောနံနက်ခင်းသည် သူ့အတွက်တော့ ရောင်ခြည်ဖြာကာ ကြည်လင်တောက်ပနေ‌သည်။မျက်လုံးဖွင့်လိုက်သည်နှင့် ရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော မျက်နှာလေးကို အရင်ဆံုးမြင်လိုက်ရသည်မို့ ချစ်ကြည်နူးစွာအစပြုရသော ခံစားမှုရသတို့က နံနက်စော​စောမှာ ချမ်းမြေ့ဖွယ်ရာ။

သူသည် အိပ်မောကျနေသည့်မျက်နှာလေးကို ငုံ့ကြည့်နေရင်းမှ မနေနိုင်စွာ နှုတ်ခမ်းလေးကိုအသာဖိကပ်နမ်းလိုက်လျှင် မျက်ခုံးတစ်ချက်တွန့်သွားရသောသူမက သူ့ရင်ဘတ်ကို မျက်နှာနှင့်ပွတ်တိုက်လိုက်ပေမဲ့ နိုးမလာသေး။သို့သော် လက်တစ်ဖက်နှင့်ခြေထောက်တစ်ဖက်ကတော့ သူ့အပေါ်ကို ဖက်လုံးခွသလိုခွကာ ဖက်အိပ်လာသောကြောင့် သူက ချစ်ရလွန်းစွာ သဘောတကျရယ်လိုက္မိရင်း သူနှင့်အတူတူအိပ်ရသည်ကို စိတ်လွတ်ကိုယ်လွတ် သက်တောင့်သက်သာဖြစ်ပုံရသောကြောင့်လည်း စိတ်ထဲမှာ ကျေနပ်မိရသေးသည်။နာရီကိုလှမ်းကြည့်လိုက်တော့ ခြောက်နာရီခွဲသာရှိသေးပြီး သူမကလည်းဖက်အိပ်နေသည်မို့ သူက မအိပ်ချင်တော့ပေမဲ့ မထဖြစ်သေး။သူမ၏ခေါင်းလေးကို အသာငုံ့နမ်း၍ ရင်ခွင်ထဲရှိ ကိုယ်လုံးနွေးနွေးလေးကို တင်းနေအောင် ‌ေထွးဖက်ထားရင်းမှ ခုနစ်နာရီကျော်ကျော်ခန့်ရှိသွားချိန်တွင် သူက အိပ်ရာမှထကာ မီးဖိုခန်းထဲသို့ဝင်ခဲ့လိုက်တော့သည်။

*
*
*

နှုတ်ခမ်းထက်ကို ညင်သာစွာထိတွေ့နေသော အထိအတွေ့ကြောင့် အိပ်နေရာမှနိုးလာရသောသူမသည် မျက်လုံးဖွင့်ကြည့်လိုက်သည်နှင့် ပါးနှစ်ဖက်ကိုညှပ်ကိုင်ပြီး နမ်းရှိုက်နေသောသူ့မျက်နှာအား အရင်တွေ့လိုက်ရသည်။

သူက သူမ၏မျက်လုံးတွေပွင့်လာသည်ကို တွေ့ရသည်နှင့် ချက်ချင်းလွှတ်ပေးလိုက်ပြီးလျှင်

"ကိုယ့်ကြောင့် နိုးသွားပြီလား..."

လုပ်ချင်ရာလုပ်ပြီးမှ အတည်ပြုသလိုပြန်မေးနေသော ခပ်ပြုံးပြုံးမျက်နှာကိုကြည့်ကာ သူမက အနည်းငယ်စူပုပ်သွားမိရင်း

You are the only Exception!Onde histórias criam vida. Descubra agora