🌲 Warm 🌲

28.9K 1K 90
                                    

အလုပ်အတွက်နှင့် စိတ်စောနေသည်ကြောင့် နံနက်ပိုင်းကို စောစောနိုးလာရသောရွှေခေတ်သည် နာရီကိုကြည့်လိုက်လျှင် ငါးနာရီသာရှိသေးသော်လည်း ပြန်အိပ်ရန်စိတ်မကူးတော့ဘဲ ထဖို့ပြင်လိုက်တော့သည်။သူ့ကိုမော့ကြည့်လိုက်တော့ အိပ်ပျော်နေဆဲပင်ဖြစ်ကာ မနှိုးချင်သေး၍ အသာလေးထလိုက်သော်လည်း ထွေးဖက်ထားသည့်သူ့လက်တွေက သူမကိုလွှတ်မပေးပေ။ထို့နောက် မျက်လုံးတွေပွင့်လာကာ နဖူးပေါ်ကို​ရောက်လာသော အနမ်းတစ်ပွင့်နှင့်အတူ  သူမ၏ခေါင်းအား အသာအယာပွတ်သပ်လာရင်းမှ သူ့အသံတိုးဖွဖွကလည်း ညင်သာစွာ ထွက်ပေါ်လာ‌ေလသည်။

"စောသေးတယ်လေ...၊ဒီနေ့လဲ တစ်နေကုန်အလုပ်ရှုပ်ဦးမှာကို ရသလောက်အိပ်ပါဦးလား..."

သို့နှင့်ပင် သူမက သူ့မေးရိုးကို ခပ်ဖွဖွမော့နမ်းလိုက်ရင်း

"တော်ပြီ...၊မအိပ်တော့ဘူး ထတော့မယ်...။ပြန်အိပ်လိုက်ရင် ထိုင်းမှိုင်းသွားမှာစိုးလို့.."

ထိုအခါ မျက်နှာပေါ်မှဆံနွယ်စတွေကို အသာသပ်တင်ပေးလာပြီး နှုတ်ခမ်းလေးအား တစ်ချက်နမ်းလိုက်ရင်းမှ သူက ပြန်ပြောလာသည်။

"အဲ့ဒါဆိုလဲ အလုပ်ရှုပ်မဲ့နေ့အတွက်ကို အားအပြည့်နဲ့ Productive Day ဖြစ်အောင် ကိုယ်တို့ လမ်းလျှောက်ထွက်ကြမလား...။အပြန်ကျရင် စျေးထဲဝင်ပြီးတော့ သဲစားချင်တာလေးတွေပါ တစ်ခါတည်းဝယ်ခဲ့ရအောင်လေ..."

ထိုကဲ့သို့ သူမ၏အကြိုက်ကိုသိလှစွာဖြင့် ပြောလာသောသူ့စကားကြောင့် သူမက ချက်ချင်းပင် ဆတ်ခနဲထထိုင်လိုက်ရင်း သူ့ကိုပါဆွဲထူကာ

"အာ့ဆို သွားမယ်လေ ကိုရဲ့။လုပ်တော့ ထတော့ အခုပဲသွားကြမယ်..."

ထိုသို့ဖြင့် သူက အသာပြုံး၍ထလိုက်ရင်း သူမ ဆွဲခေါ်ရာနောက်သို့လိုက်ကာ သွားဖို့အတွက်ကို အတူတူပြင်ဆင်လိုက်တော့လေသည်။

သူတို့နေသောနေရာက စျေးနှင့်ဆို အနည်းငယ်ဝေးသည်ကြောင့် ကားနှင့်သာထွက်လာလိုက်ကြပြီး လမ်းလျှောက္မည့်နေရာရောက္မှပင် ကားကိုထားကာ ဆင်းလျှောက်ခဲ့ကြသည်။

နံနက်ခင်းဝေလီဝေလင်းမှာ သူမ၏လက်လေးကိုဆုပ်ကိုင်ရင်း ကလောမြို့၏ ထင်းရှူးနံ့သင်းပျံ့သော အေးစိမ့်စိမ့်လေအေးများအား အပြည့်အဝရှုရှိုက်ရင်းဖြင့် ကြည်နူးဖွယ် နံနက်ခင်း၏ဖြစ်တည်မှုကို ကောင်းကောင်းခံစားမိကြပေသည်။ထို့နောက် ပန်းခြံနားအရောက်တွင် သူက ခုံတန်းလေးမှာခဏထိုင်ကာ နားဖို့ဆုံးဖြတ်လိုက်ရင်း နားနေဆောင်ပုံစံလုပ်ထားသောနေရာလေးဆီသို့ သူမကိုခေါ်လာလိုက်သည်။

You are the only Exception!Donde viven las historias. Descúbrelo ahora