Ours?(Part-1)

26.5K 1K 76
                                    

အိပ်ရာကနေ သူနိုးလာချိန်တွင် ခေါင်းထဲမှာ သိပ်မကြည်လင်သေးဘဲ မူးနောက်နောက်ဖြစ်နေသေးသည်။အရှိန်မပြယ်နိုင်သေးသည့် ရီဝေလေးလံနေသောမျက်လုံးတွေကို မျက်ခုံးတွေတွန့်ကာထိန်းပြီး ရအောင်ဖွင့်၍ အသာငုံ့ကြည့်လိုက်လျှင် ရင်ခွင်ထဲမှာ သူမက အိပ်ပျော်နေဆဲပင်ဖြစ်‌ေလသည်။ထို့ကြောင့် နိုးမသွားအောင် အသာငြိမ်ပြီးနေလိုက်ကာ မြတ်နိုးရသောမျက်နှာလေးအား တစိမ့်စိမ့်ကြည့်နေမိရင်းနှင့်ပင် သူ့မှာချစ်လို့မဝနိုင်။

သူ့အပေါ်မှာ ယုံကြည်မှုအပြည့်နှင့် မယိမ်းယိုင်စတမ်း ခိုင်ကျည်စွာချစ်ပေးနိုင်သော ဒီမိန်းကလေးသည် မနေ့ညက အထင်လွဲနိုင်စရာအခြေအနေမျိုးမှာတောင် သူ့ဘက္မှာပင် အပြည့်အဝရပ်တည်ပေးကာ တစ်စုံတစ်ရာထင်မြင်သောသံသယဆိုတာမျိုး တစ်စက်ကလေးမှ ရှိမနေခဲ့ပေ။သူ့ကိုလာခေါ်စဉ်က သူမ ပြောခဲ့သောစကားများကို အကုန်ကြားနေရသည်ကြောင့် သူ့မှာ မလှုပ်နိုင်သည့်ကြားကပင် သူမ လွှမ်းခြုံဆွဲတင်ပေးခဲ့သော ချစ်ခြင်းခြုံလွှာလေး၏ လုံခြုံနွေးထွေးမှုအောက္မှာ ပိုမိုဖက်တွယ်မြတ်နိုးစိတ်ဖြင့် ကျေနပ်ပီတိဖြစ်ရသေးသည်။

တွေးနေရင်းနှင့် လက္မောင်းပေါ်မှာ အိပ်မောကျနေသောကိုယ်လုံးလေးကို ရင်ခွင်ထဲဆွဲသွင်းကာ လေမတိုးသာအောင်ထွေးဖက်ထားမိရင်း မျက်နှာလေးအား ချစ်ရလွန်းစွာဖြင့် ညင်သာစွာ တစ်ချက်နမ်းရှိုက္မိသည်။ထိုအခါတွင် အိပ်ရာမှနိုးသွားရသောသူမက နိုးလာသည်နှင့်တစ်ပြိုင်နက် အိပ်ချင်မူးတူးမော့ကြည့်ကာ သူ့ကိုအရင် စိတ်ပူစွာဖြင့် မေးရှာသည်။

"ကို ဘယ်လိုနေသေးလဲ ခေါင်းမူးနေသေးလား..."

သူက ပါးလေးကိုဖိကပ်နမ်းလိုက်ရင်းမှ မလွှတ်သေးဘဲ ပြန်ဖြေလိုက်သည်။

"နည်းနည်းပဲ မူးနောက်နောက်ဖြစ်တော့တာ...။ဘာမှမဖြစ်တော့ဘူးနော်...၊စိတ်မပူနဲ့တော့.."

သူ့စကားကို သူမက အနည်းငယ်ခေါင်းထောင်ပြီး မျက်ခုံးလေးတွေတွန့်ကာပြန်ကြည့်၍

"မပူလို့ရမလား...၊လူက ဒီလောက္မူးစိုက်နေတာကို..။အဲ့ဆေးတွေမှာ side effect ရှိနိုင်လားမသိဘူး...။နောက်ထပ်တစ်ခုခုထိခိုက်လို့ကတော့ အဲ့မိန်းမကို ဒီတိုင်းမထားတော့ဘူး အသေသတ်ပစ်တော့မှာ..."

You are the only Exception!Where stories live. Discover now