ရွှေခေတ်သည် ညက စောစောအိပ်ရာဝင်လိုက်သောကြောင့် နံနက်ကို ငါးနာရီခွဲလောက်ကတည်းကပင် နိုးနေသည်။သို့နှင့် အချိန်ရနေသေးသည်မို့ ခဏလောက်ပတ်ပြေးပြီးမှ ရေချိုးပြီးပြင်ဆင်ကာ ထွက်လာလိုက်လျှင် အချိန်က ခြောက်နာရီခွဲတော့မည်။ဟိုဘက်အခန်းကိုတစ်ချက်ကြည့်လိုက်တော့ လှုပ်လှုပ်ရှားရှားမတွေ့ရသေးသည်ကြောင့် Dining Room ဘက်သို့ထွက်လာခဲ့လိုက်ပြီး နံနက်စာစားဖို့အတွက်ကိုကြည့်နေစဥ်မှာပင် ဘေးနားသို့ အရိပ်တစ်ခုက ရောက်လာလေသည်။
"နိုးပြီလား..."
မော့ကြည့်လိုက်တော့ အခုမှရေမိုးချိုးပြီး ထွက်လာပုံရသည့်ထိုလူအား နံနက်ခင်းအစောပိုင်း၏ အေးမြလန်းဆန်းမှုမျိုးနှင့် ထပ်တူကျလှစွာပင် ကြည်လင်လတ်ဆတ်နေသောအသွင်ဖြင့် မြင်တွေ့လိုက်ရသည်။ထို့အတူ အနားမှာလာရပ်လိုက်သောသူ့ဆီမှ သူနှင့်လိုက်ဖက်လှသည့် သူ့ကိုကိုယ်စားပြုသောရနံ့တစ်မျိုးကိုပါ တစ်ဆက်တည်းရလိုက္မိလေသည်။အလုပ်ကိစ္စသွားမည်ဆိုသော်လည်း ပေါ့ပေါ့ပါးပါးသာဝတ်ဆင်ထားသည့်သူ့ပုံစံက အထက်အောက်အနက်ရောင်ဝတ်ထားသည်ကြောင့် ရှင်းသန့်စိုပြည်နေသော အသားအရေတွေ၏အရောင်အဝါမှာ သိသာပေါ်လွင်စွွာ ထင်ဟပ်နေပေသည်။
"ဟုတ် ဒီနေ့ အစောကြီးနိုးနေတာနဲ့လေ ခဏလောက်ပတ်ပြေးပြီးတော့မှ ခုေလးတင်ပဲထွက်လာခဲ့တာ..."
ထိုကဲ့သို့ သူ့ကိုမော့ကြည့်ကာ ပြုံးပြရင်းပြောလာသည့် မျက်နှာလေးကိုကြည့်ပြီး သူ့နှုတ်ခမ်းထောင့်စွန်းတွေက အလိုလိုအပေါ်တက်သွားရသည်။
ဟုတ်တယ်...။
ဒါ သူ့ရဲ့မနက်ခင်းလေး...။
"အွန်း ကိုယ်ကတော့ အစောကြီးမနိုးဘူး...။ညကအလုပ်လုပ်နေရင်းနဲ့ သတိမထားမိလိုက်တော့ အိပ်ရာဝင်တာ နောက်ကျသွားတယ်..."
သူမက သူ့စကားကို ပြုံးပြုံးလေးနှင့်ပင် ခေါင်းတစ်ချက်ညိတ်ပြလိုက်ရင်း ထည့်စရာရှိသည်များအား ဆက်ထည့်နေလိုက်သည်။သူကလည်း ပန်းကန်ပြားတစ်ချပ်ယူ၍ သူမနှင့်အတူလိုက်ထည့်နေရင်းမှ ပြီးစီးလျှင် စားပွဲတစ်ခုဆီသို့လျှောက်လာကာ အတူထိုင်လိုက်ကြသည်။
![](https://img.wattpad.com/cover/269049768-288-k472122.jpg)
STAI LEGGENDO
You are the only Exception!
Storie d'amoreအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...