သူမ ထိုလူ့ဆီကနေပြန်လာပြီး အိမ်ပြန်ေရာက်ချိန်မှာ အမေက နိုးနေလေပြီ။သူက အကျိုးအကြောင်းကို ကြိုပြီး ph ဆက်ထားပုံရကာ သူမ ပြန်လာသည်နှင့် အမေက ဆီးကြို၍ ပွေ့ဖက်ထားရင်းမှ ခေါင်းလေးကိုပွတ်သပ်ပြီးလျှင်
"အမေ့သမီးလေး ခုချိန်မှာတော့ စိတ်ညစ်ချင် ညစ်နေရလိမ့်မယ်...။ဒါပေမဲ့ ရှေ့လျှောက်ကို စိတ်ဆင်းရဲရမဲ့ကိစ္စမျိုးတွေ ကြုံတွေ့ရမှာမဟုတ်ဘူး...။ဘဝတစ်လျှောက်လုံး စိတ်ချမ်းသာရမယ်ဆိုတာ အမေအာမခံတယ်...။ကျေးဇူးတင်တယ် အမေက သိလား..."
ထိုကဲ့သို့ ချော့မော့နေသောစကားသံတွေကြောင့် သူမက မျက်ရည်တွေဝဲပြီး အမေ့ရင်ခွင်ထဲတိုးဝင်ကာ
"အမေသာ နေမကောင်းမဖြစ်ဘဲ ကျန်းကျန်းမာမာ အသက်ရှည်ရှည်နဲ့ အကြာကြီးနေသွားပေးပါ...။အဲ့ဒါဆို သမီးက ဘယ်လိုပဲနေရနေရ စိတ်ချမ်းသာနေရမှာပဲ..."
"နေမှာပေါ့ ...။မေ့သမီးလေး လိမ္မာတာ သိတတ်တာတွေ အလကားမဖြစ်စေရဘူး..."
မည်သို့ပင်ဆိုစေကာမူ ချက်ချင်းပဲ နေကောင်းသွားပုံရသောအမေ့ပုံစံကြောင့် သူမက တစ်မျိုးတစ်မည်တော့ စိတ်ချမ်းသာသွားရသည်။သို့နှင့်ပင် ညစာစားပြီးချိန်မှာတော့ ဝင့်ဝါဆီ ph ဆက်ကာ အကျိုးအကြောင်းအကုန်လံုးကို ပြောပြလိုက်သည်။ထိုအခါ အဆင်ပြေလား အရင်မေးလာသောနှစ်ယောက်အား သူမကတော့ ပြေပါတယ်ဟူ၍သာ ပေါ့ရှပ်ရှပ်ဖြေလိုက်ရရင်း ဝင့်ဝါ၏ နောက်ဆက်တွဲဂုဏ်ပြုစကားတွေ အိမ်ထောင်ရေးလက်ချာတွေကို ကြာကြာနားမထောင်နိုင်တော့သည်မို့ ခဏလောက်သာပြောကာ ph ချလိုက်တော့သည်။
ပြီးလျှင် စိတ်ပြေလက်ပျောက် လိုင်းပေါ်တက်ကာ ဟိုဒီကြည့်နေရင်းမှ Messenger ကနေ noti တက်လာသည်ကိုတွေ့ရ၍ သူမက ဝင်ကြည့်လိုက္မိသည်။ထိုအခါ လာပို့ထားသည့်စာနှင့်အတူ ထိုလူ၏အကောင့်အား Message Request ထဲမှာ အခန့်သားတွေ့လိုက်ရလေသည်။
ကိုယ့်ကိုလက်ခံပေးပါ
အခွင့်အရေးကိုအပြည့်အဝအသုံးချနေသော ထိုလူ၏အကောင့်ကို ချက်ချင်းပင် block ပစ်ချင်စိတ်အား မနည်းထိန်းချုပ်ထားလိုက်ရင်း လက်ကတော့ မနေနိုင်စွာဖြင့် သူ့အကောင့်ထဲဝင်ကြည့်မိပြန်သည်။

ESTÁS LEYENDO
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...