ဝီရိယပိုစွာနှင့် အစောကြီးနိုးနေပြီး အခန်းထဲမှာတောင် ထိုင်စောင့်မနေနိုင်တော့သည့်သူသည် အချိန်မတိုင်ခင်ကတည်းကပင် ဟိုတယ်၏ Lobby မှာထိုင်ကာ သူမအားမျှော်နေမိသည်။လက်ခံဖို့လမ်းမမြင်သေးသော အကောင့်လေးထဲသို့ အထပ်ထပ်အခါခါဝင်ကြည့်ရင်းစောင့်နေစဉ်မှာ သူမဆီမှ ph ဝင်လာ၍ ချက်ချင်းကိုင်လိုက်လျှင်
"ရှေ့မှာရောက်နေပြီ"
ပြောပြီးသည်နှင့် ph ကို တန်းချသွားသည့် ဘောက်ဆတ်ဆတ်အသံလေးကြောင့် သူက သဘောကျစွာဖြင့် တစ်ချက်ရယ်လိုက္မိရင်း အပြင်ဘက်သို့ ခပ်သွက်သွက်သာ ထွက်လာခဲ့လိုက်သည်။ကားကိုပါကင်ထိုးပြီး အရှေ့မှာရပ်စောင့်နေသောသူမက သူ့ကိုမြင်သည်နှင့် ချက်ချင်းပင်မျက်နှာထားတင်းကာ မကြည်မလင်နှင့်လှမ်းလာလေသည်။
ဒီနေ့တော့ သူမလေးသည် နက်ပြာရောင်ပိုးသားပျော့ပျော့ တစ်ကိုင်းကြိုးအင်္ကျီလေးအား ပန်းမိတ်ကပ်ရောင် ပါးပါးလွင့်လွင့် Bohemian design ခါးမြင့်တည့်ပွဘောင်းဘီရှည်လေးထဲသို့ အချိုးကျစွာထည့်ဝတ်ထားသည်။ပေါင်အထက်နားလောက်ထိအပိတ်ချုပ်ထားသောဘောင်းဘီက အောက်ကိုတော့ တောက်လျှောက်သူ့အပါးစလေးအတိုင်းထားထားသည်မို့ သွယ်လျနေသည့် သူမ၏ခြေတံလေးတွေအား အတိုင်းသားမြင်နေရသော်လည်း အမြင်ရိုင်းမနေပေ။ထို့ပြင် ဘုရားတွေသွားမှာမို့ထင်သည်။ဘောင်းဘီနှင့်အရောင်တူပဝါလေးကို အပေါ်ကနေခြုံထားသေးလေရာ လုံခြုံရိုးစင်းစွာနှင့်ပင် ကြော့ရှင်းလှပနေပေသည်။စီးထားသည့် အနက်ရောင်ဒေါက်ဖိနပ်လေး၏အမြင့်မှာ သိပ်မမြင့်သော်လည်း သူမကိုမတ်မတ်ရပ်ရပ်ဖြစ်သွားစေသောကြောင့် ပါးပါးလွင့်လွင့်ဘောင်းဘီလေးနှင့် အချိုးအစားကျနစွာလမ်းလျှောက်လာသောပုံသည် သူ့မျက်လုံးထဲမှာတော့ နှလုံးသားဆီမှပေါက်ဖွားခုန်ထွက်လာသည့် ကဗျာလေးတစ်ပုဒ် လွင့်မျောလာသလိုပင်။
သူမကတော့ သူ့ရှေ့ရောက်သည်နှင့် သိသိသာသာစူပုပ်သွားပြီးလျှင် သူ့ကိုမကြည့်ချင်သလိုပုံစံဖြင့် ခပ်တင်းတင်းစကားပြောလာသည်။
"ရှင့်ကားကဘယ်မှာလဲ..."
"ကိုယ်သွားထုတ်ပေးမယ်လေ...။ဒီမှာပဲစောင့်နေ..."
![](https://img.wattpad.com/cover/269049768-288-k472122.jpg)
ESTÁS LEYENDO
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...