"ကိုကိုသာ ဒီလိုစားနေရင်းနဲ့ ဝက်ဖြစ်သွားရင် နိုရာက Chihiro လိုမျိုးပြန်ကယ်ပေးမှာ..."
နေသန်က နိုရာ့ကိုတစ်ချက်လှမ်းကြည့်ပြီး သူ့ပုံစံအတိုင်းပြုံးတုံ့တုံ့လုပ်ကာ ဘာမှပြန်မပြောဘဲ စားလက်စကိုသာ အေးအေးဆေးဆေးဆက်စားနေသည်။သူက သားနှင့်သမီးစားနေသည်ကို သေချာလိုက်ကြည့်နေရင်းမှ နိုရာ့စကားကိုကြားလျှင် ရယ်ဟဟနှင့်ပဲ ခွန်းတုံ့ပြန်လိုက်သည်။
"ကိုကိုကတော့ ဝက်ဖြစ်မှာမဟုတ်ဘူး...။ဖြစ်ချင်းဖြစ် သမီးမေမေနဲ့သမီးပဲဖြစ်ကြမှာ...။အဲ့ကျမှ အစားမက္တဲ့ဝက်နှစ်ကောင်ကို ဖေဖေနဲ့ကိုကိုက လိုက်ကယ်ရမှာပဲ..."
သူ့စကားကို သဘောကျသွားသောနေသန်က သူနှင့်အတူ အသံထွက်အောင် ချိခနဲရယ်လိုက်လျှင် သားအမိနှစ်ယောက်လုံး၏အကြည့်တွေက သူတို့သားအဖဆီသို့ စူးခနဲစိုက်ဝင်လာကြသည်။
ရွှေခေတ်က သူ့ကိုမကျေမနပ်ကြည့်ကာ မျက်စောင်းထိုးလိုက်ရင်း
"အစားမက္တော့ ဘာဖြစ်လဲ...။ကို့ဘာသာ ဟိုဟာမစား ဒီဟာမစား ဂျီးများနေတာကို သားကိုပါလိုက်ပြီးတော့ အဖော်ညှိမနေနဲ့..။အစားမမက္တာ ဂျီးများတာက ဂုဏ်ယူစရာမဟုတ်ဘူး..."
"နိုရာက အစားမက္လဲ Chihiro အဖေနဲ့အမေလို ဝက်ဖြစ်အောင်တော့မစားဘူး..."
"ဝက်ဖြစ်အောင်တော့ မစားဘူး...။စားနေရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ဝက်ဖြစ်လို့ဖြစ်မှန်းမသိဘဲ ဖြစ်နေမှာ..."
ပလုတ်ပလောင်းနှင့်ပြောလာသည့်နိုရာကိုကြည့်ကာ နေသန်က ချက်ချင်းပြန်ပြောလိုက်လျှင် သူကပါ ရွှေခေတ်ကိုပြုံးစစကြည့်ရင်း နောက်ကနေလိုက်ပြီး အားဖြည့်ပေးလိုက်သည်။
"အဟွန်း သားမေမေလဲ တူတူပဲလေ...။အစားအသောက်ကိုအာရုံစိုက်နေတာနဲ့တင် အမြီးပေါက်တာ နှာခေါင်းပွတာ တစ်ခုမှသိလိုက္မှာမဟုတ်ဘူး..."
"အဲ့ဒါဆို ဖေဖေက မေမေ့ကိုကယ်...။သားက နိုရာ့ကို ကယ်လိုက္မယ်..."
![](https://img.wattpad.com/cover/269049768-288-k472122.jpg)
VOUS LISEZ
You are the only Exception!
Roman d'amourအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...