👿 J (ဂျေ) 👿

33.8K 1.1K 33
                                    

ကလောကိုပြန်ရောက်လျှင် ဟိုတယ်ကဝန်ထမ်းတွေအတွက် မန္တလေးကနေဝယ်လာသည့် ထိုးမုန့်နှင့်မုန့်မျိုးစုံ၊လက်ဖက်နှပ်နှင့်အကြော်စုံ အစရှိသည့် မန္တလေးပြန်လက်ဆောင်များကို သူမက ရောက်ရောက်ချင်း အရင်သွားပေးသည်။ထိုအခါ သူမတို့ပြန်ရောက်လာသည်ကို ဝမ်းသာအားရထွက်ကြိုသောမနန်းမိုမှာ သူမ၏နဖူးက ဂွမ်းစကိုမြင်လျှင် အလန့်တကြားဖြစ်သွားရသောကြောင့် မစိုးရိမ်ရကြောင်းပြောကာ အကျိုးအကြောင်းရှင်းပြရသေး‌ေလသည်။

ထို့နောက် အိမ်ကိုရောက်၍ ရေချိုးပြီးချိန်မှာ သူက ဒဏ်ရာကိုဆေးထည့်ရန်အတွက် ဂွမ်းစကိုခွာပြီး သေချာပိုးသတ်ပေးနေစဉ်

"အ..စပ်တယ်..."

သူက သူမ၏နဖူးကို ပါးစပ်နှင့်မှုတ်ပေးနေရင်း

"ခဏပဲနော် ပြီးသွားရင်မစပ်တော့ဘူး..."

"အနာပျောက်ပြီးတဲ့အချိန် အမာရွတ်ကျန်ခဲ့ရင် ဘယ်လိုလုပ်မလဲ..."

"မကျန်အောင် ကိုယ်လုပ်ပေးမှာပေါ့..."

"ကျန်ခဲ့ရင်ရော..."

"ကျန်ခဲ့လဲ ပျောက်အောင်လုပ်ပေးမှာ...။လုံးဝမကျန်စေရဘူး..."

"အဲ့လိုလုပ်နေတဲ့ကြားက ကျန်ခဲ့ရင်ရော..."

သူက အသစ်ကပ်ပေးထားသောဂွမ်းစအပေါ်ကနေ တစ်ချက်နမ်းလိုက်ကာ

"ဒီလိုလုပ်လိုက်ရင် မကျန်တော့ဘူး..."

"ဟိ အမာရွတ်ပါဆို အဲ့လိုလုပ်တာနဲ့ ဘာဆိုင်လို့လဲ..."

"ဆိုင်တယ်...။အဲ့လိုလုပ်လိုက်ရင် မပျောက်တာမရှိစေရဘူး ဒါနဲ့..."

သူက ဆက္မပြောဘဲ သူမ၏မျက်နှာကိုကြည့်နေသောကြောင့်

"အွန် ဒါနဲ့ ဘာဖြစ်လဲ..."

"သဲ နောက်ကျနေပြီနော်...။ငါးရက်လောက်တောင်နောက်ကျနေပြီ...။ခုထိမလာသေးဘူးလား..."

သူပြောမှပင် သူမက သတိရသွားမိသည်။

ဟုတ်သားပဲ.....။
မလာသေးဘူး...။

သို့နှင့် အနည်းငယ်လှုပ်လှုပ်ခတ်ခတ်ဖြစ်နေသောသူ့ကိုကြည့်၍ သူမက ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။

You are the only Exception!Donde viven las historias. Descúbrelo ahora