I Met Her

53.8K 1.8K 17
                                        

အိပ်ရာမှနိုးလာချိန်တွင် နံနက်ငါးနာရီခန့်သာရှိသေးသည်။ဒီနေ့က အရေးကြီးဧည့်သည်လာမည်ဖြစ်၍ သူမက ပြန်အိပ်မနေတော့ဘဲ အိပ်ရာကနေထလိုက်ပြီးလျှင် ကိုယ်လက်သန့်စင်ပြီးသည်နှင့် Dining Room သို့သွားကာ စီစဉ်ထားသမျှတွေကို အဆင်ပြေမပြေသွားကြည့်ရသည်။

ဒီနေ့အတွက်ကတော့ မန္တလေးနှင့်သက်ဆို်င်သော နံနက်စာအတွဲအစပ်ကို သီးသန့်စီစဉ်ပေးထားလေသည်။မန္တလေးနန်းကြီးသုပ်ကိုအဓိကထားကာ မုန့်ဟင်းခါး၊နန်းလတ်၊ခေါက်ဆွဲသုပ် စသဖြင့် အမယ်စုံစွာ စားလို့ရပေမည်။မုန့်ဟင်းခါးကတော့ သူမ ကြိုက်တတ်သောကြောင့် ထည့်ပေးထားခြင်းဖြစ်လိမ့်မည်။ထို့အပြင် ပဲနှင့်ကောက်ညှင်းပေါင်း၊ငချိတ်ပေါင်းတို့ကိုလည်း အရန်ထားပေးထားကာ လက်ဖက်ရည်ကတော့ နှပ်ဖျော်နှင့်ပင်။အကယ်၍ ထိုအတိုင်းမစားချင်ပါကလည်း ပုံမှန်ဘူဖေးကျွေးနေကျအတိုင်း ထမင်းကြော်၊ကြာဇံကြော်၊ခေါက်ဆွဲကြော်၊ကြက်ဥ၊ဘေကွန် အစရှိသည့် တည်ခင်းနေကျအမယ်တို့ကိုပါ အစဉ်အလာမပျက်စီစဉ်ပေးထားလေရာ ကြိုက်နှစ်သက်သလိုပင် သုံးဆောင်နိုင်‌ေပမည်။သို့အတွက် လာမည့်ဧည့်သည်က မည်သို့ပင်ဖြစ်စေ လာတည်းကြသည့်ကလေးတွေကတော့ ဒီနေ့အဖို့ အတော်စုံလင်နေသော Breakfast ကြောင့် ပျော်နေကြပေတော့မည်။

စီစဉ်ထားသမျှအကုန် အဆင်ပြေသည်ကိုတွေ့ရ၍ သူမက Kitchen ထဲမှပြန်ထွက်လာလိုက်ပြီး အချိန်ကိုကြည့်လိုက်လျှင် ငါးနာရီခွဲခန့်သာရှိသေးသည်မို့ လေ့ကျင့်ခန်းလုပ်ရန်ဆုံးဖြတ်ကာ စီးနေကျစက်ဘီးကိုထုတ်လိုက်သည်။ဧည့်သည်ကလာမည်ဆိုလျှင်တောင် နေမြင့်နိုင်ပြီး မန္တလေးကနေ ခုနစ်နာရီလောက္မှာထွက်လာဦးတော့ ဒီကိုရှစ်နာရီကျော်ကျော်လောက္မှသာရောက်နိုင်မည်မို့ သူမအတွက် အေးအေးဆေးဆေးပင် အချိန်ရလေသည်။

သို့နှင့်ပင် စက်ဘီးစီးမည့်သူမက ဒူးအထက် Biker short pant လေးဝတ်၍ အပေါ်ကနေ အနက်ရောင် Hoodie အပွတစ်ထည်ကို စွပ်ချလိုက်သည်။နံနက်ခင်းအစောပိုင်းဖြစ်သောကြောင့် ချမ်းစိမ့်အေးစက်နေသည့် မေမြို့ရာသီဥတု၏လေ‌ေအးတွေက အင်မတန်လတ်ဆတ်သန့်ရှင်းနေလျှင် သူမသည် စက်ဘီးကိုဖြည်းဖြည်းချင်းသာစီးလာလိုက်ရင်းမှ လေအေးတွေကို ဗိုက်ထဲအထိရောက်အောင် အသက်ကိုအဝရှုပစ်လိုက်သည်။စက်ဘီးက Professional ပြိုင်ဘီးဖြစ်ပြီး ချိတ်စရာတန်းပါသည်မို့ ကော်ဖီပူပူကိုလည်း ဘူးနှင့်ထည့်ကာ တန်းမှာချိတ်လာလိုက်သေးသည်။

You are the only Exception!Место, где живут истории. Откройте их для себя