မင်းက ကိုယ့်ဘဝတစ်ခုလုံး

41.6K 1.5K 28
                                    

ကော်ဖီခြံမှပြန်ရောက်သည်နှင့် ခဏသာနားလိုက်ပြီးလျှင် ဒီနေ့ရိုက်လာ​သောပုံတွေကို အ​သေးစိတ်ပြန်ကြည့်ရန်အတွက် laptop ထဲသို့ အကုန်လံုးကူးထည့်လိုက်သည်။ပြီးလျှင် တစ်ပုံချင်းစီသေချာကြည့်‌ေနရင်း အဆင်ပြေအကြိုက်တွေ့သောပုံလေးများကိုရွေးထုတ်ကာ file သတ်သတ်ခွဲသိမ်းထားလိုက်သည်။ထို့နောက် video တွေကိုပါ တစ်ခါတည်းကူးထည့်​ပြီး ပြန်ကြည့်နေမိသောကြောင့် အတန်ကြာအောင် ဈာန်ဝင်နေမိပြီးမှ Bar.B.Q စားဖို့သတိရ၍ အချိန်ကိုကြည့်လိုက်လျှင် ခြောက်နာရီခွဲနေ‌ေလပြီ။သို့နှင့်ပင် ကမန်းကတန်းနှင့်ရေထချိုးကာ ခေါင်းပါလျှော်ပစ်လိုက်ရင်း တစ်နေကုန်နေပူထဲလျှောက်ထားရသည့် ခန္ဓာကိုယ်နှင့်မျက်နှာကို သေချာရေဓာတ်ဖြည့်ပြီးလျှင် သက်တောင့်သက်သာရှိသည့် အဝတ်အစားကိုသာဝတ်ဆင်၍ အကင်စားမည့်နေရာသို့ ထွက်ခဲ့လိုက်တော့သည်။

သူမ ရောက်သွားချိန်မှာ သီဟတို့က အကင်တွေ​တောင်ကင်ပြီးသွားပြီမို့ အဆင်သင့်တန်းစားရုံပင်။ထို့ကြောင့် ဝင့်ဝါကတော့ သူမကိုမြင်သည်နှင့် ချ​က်ချင်းပင် မျက်စောင်းထိုးကြည့်လာရင်း

"မြင်လား...၊လူလည်မကြီးလာပြီ...။သူများတွေကင်ပြီးပြီဆိုမှ အရန်သင့်လာစားတော့မှာ..."

"စားရမှာပဲလေ ဘာဖြစ်လဲ...။နင်က ငါ ဒီနေ့ပင်ပန်းထားတာတောင် အကင်ကင်ခိုင်းဖို့ စိတ်ကူးရှိသေးတာလား..."

"အမလေး...ကင်ခိုင်းဖို့စိတ်ကူးရှိရင်တောင် ဘယ်တုန်းကကင်ဖူးလို့လဲ...။တစ်သက်လုံးက အရန်သင့်စားလာပြီးတော့များ...၊အွန့် ဟ.."

ပါးစပ်ကသာပြောနေပေမဲ့ လက်ကတော့ သုံးထပ်သားကို ဆလတ်ရွက်နှင့်ထုပ်ကာ ခွံ့ကျွေးလာသည်။သူမက ပလုတ်ပလောင်းဝါးနေရင်းမှ

"ဘာလဲ Bar.B.Q က ကိုရီးယားစတိုင်ရောလား..."

"ဟုတ်တယ်လေ...၊သုံးထပ်သားတင်မဟုတ်ဘူး ဒီမှာကြည့်.."

"ဟွန်.....ဆိုဂျူတွေက ငါမှမသောက်နိုင်တာကို..."

"ဟင်းဟင်း ဆိုဂျူတင်မဟုတ်ပါဘူးကွယ်...။ဒီမှာ နင်သောက်တဲ့မက်ကောလီ...ဟိဟိ"

You are the only Exception!Onde histórias criam vida. Descubra agora