သူသည် နေမကောင်းဖြစ်နေသောသူမလေးကြောင့် တစ်ရေးမှအိပ်မပျော်နိုင်ခဲ့ဘဲ အဖျားပြန်တက္မှာစိုးကာ တစ်ညလုံးစောင့်ကြည့်နေရသည်။မအိပ်ခင်က သူ့ကိုကျောခိုင်းထားသော်လည်း အိပ်ပျော်သွားသည်နှင့် သူမက ထုံးစံအတိုင်း သူ့ဘက်လှည့်ကာ ရင်ခွင်ထဲသို့တိုးဝင်လာလျှင် သူ့မှာ ကျေနပ်မိရင်းမှ စိတ်မကောင်းဖြစ်ရသေးသည်။ထိုသို့ဖြင့် မနေနိုင်စွာပင် လွမ်းဆွတ်ေနရသော နှုတ်ခမ်းလေးတွေကို သူမ မနိုးအောင် ခပ်ဖွဖွလေးနမ်းကာ ပူစပ်စပ်ကိုယ်လုံးလေးအား မလွှတ်တမ်းထွေးပွေ့ထားမိရင်းနှင့်ပင် မိုးလင်းခဲ့လေသည်။
အိပ်ရာကနေနိုးလာချိန်မှာ တစ်ကိုယ်လုံးနွေးနေသောကြောင့် သူ့ရင်ခွင်ထဲရောက်နေပြီမှန်းသိကာ မျက်လုံးတွေကိုဖွင့်ကြည့်လိုက်သည်။ထိုအခါ သူမ နိုးလာသည်ကို သိပံုရသောသူက ပါးေလးကို အသာအယာထိကိုင်၍ ညင်သာစွာပင် မေးလာသည်။
"သဲလေး နိုးပြီလား..."
သူမက ပြန်မဖြေဘဲ သူ့ကိုမော့ကြည့်လိုက်လျှင် သူက ခေါင်းလေးကိုအုပ်မိုးကိုင်ကာ
"ခေါင်းမူးနေသေးလား..."
အဖျားကျသွားပြီဖြစ်ကာ ကောင်းကောင်းအိပ်လိုက်ရ၍ အနည်းငယ်အားပြည့်သွားသောသူမက ခေါင်းခါပြလိုက်သည်။
"ကိုယ်လက်တွေရော နာနေသေးလား..."
"နည်းနည်းပါ..."
သူက နဖူးလေးကိုဖွဖွနမ်းလိုက်ရင်း
"အွန်း..အစားစားလိုက်ရင် သက်သာလာမှာ...။ဒီနေ့ အစားဝင်အောင် စားရမယ်နော် သိလား.."
သူမက ဘာမှမပြောဘဲနေနေလျှင်
"နည်းနည်းစောသေးတယ်...။ခဏလောက်ထပ်အိပ်ပါဦး..."
"ဟင့်အင်း ထတော့မယ် မအိပ်တော့ဘူး..."
သို့နှင့်ပင် သူက ထဖို့လုပ်နေသောသူမကို အသာအယာပွေ့ချီကာ ရေချိုးခန်းထဲပို့ပေးပြီးလျှင် ကိုယ်လက်သန့်စင်ပြီးသည်နှင့် အဝတ်အစားပါ တစ်ခါတည်းလဲပေးလိုက်သည်။ထို့နောက် စားပွဲပေါ်က ph ကိုဆက်၍ သူမအတွက် နံနက်စာလာပို့ပေးဖို့ပြောပြီးလျှင်
VOUS LISEZ
You are the only Exception!
Roman d'amourအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...