မန္တလေးကိုခြေချမိချိန်မှာ သူအရင်ဆုံးသွားတွေ့သည်က ကိုဇော့်ကိုပင်ဖြစ်သည်။ရောက်ရောက်ချင်း သူ့ဆီရောက်လာ၍ ကိုဇော်က အံ့ဩသလိုရှိနေပေမဲ့ အရေးကြီးကိစ္စတစ်ခုမှန်းသိနေသောကြောင့် သူ ph ဆက်လိုက်သည်နှင့် မအားအားအောင်အချိန်ေပးကာ သူနှင့်တွေ့ပေးေလသည်။
"ပြောပါ သူရိန်...။ကျွန်တော့ကို ရောက်ရောက်ချင်းလာတွေ့တာဆိုတော့ ကိစ္စက တော်တော်အရေးကြီးမယ်ထင်တယ်..."
သူက အလေးအနက်ထားရမည့်ကိစ္စမှန်းသိသာအောင် တည်ကြည်စွာဖြင့် ခေါင်းညိတ်ပြ၍
"ကျွန်တော့ရဲ့မင်္ဂလာပွဲအတွက်ပါ...။ဒီပွဲဖြစ်ဖို့အတွက်က ကိုဇော်ကူညီမှရမှာဆိုတော့ အကူအညီတောင်းစရာလေးတွေလဲရှိလို့ပါ..."
ထိုအခါ သူ့စကားကြောင့် ကိုဇော်က အကြီးအကျယ်အံ့ဩသွားရသောပုံစံနှင့် သူ့ကို ဝမ်းသာအားရပြန်ကြည့်လာရင်း
"သူရိန်မိန်းမယူတော့မှာလား.....၊ဟား..Congratulations ပါဗျာ...။ပြောပါဦး...ဒီက God of love ရဲ့ကောင်မလေးကဘယ်သူလဲ...၊စလုံးကပဲလား...။ပြောပါ ကျွန်တော်ကူညီနိုင်တာ အကုန်ကူညီပေးမယ်..."
သူက နှုတ်ခမ်းထောင့်စွန်းလေးတွေကို အပေါ်တက်ရုံသာ ပြုံးလိုက်ရင်းမှ
"ကျွန်တော်လက်ထပ်မှာ ရွှေခေတ်နဲ့ပါ..."
"ဗျာ..ရွှေခေတ်။ဟို ကျွန်တော်တို့ရဲ့ချာတိတ် Your Dream က ရွှေခေတ်လား..."
"ဟုတ်ပါတယ်..."
ထိုကဲ့သို့ အပြုံးတစ်ချက်နှင့် ခေါင်းညိတ်ပြီးဖြေလိုက်လျှင် ကိုဇော်က နားထောင်နေရင်း မျက်စိလည်သွားပုံပေါ်သည်။
"နေပါဦး...။အဲ့ဒါဆို Your Dream မှာတည်းရင်း ရွှေခေတ်နဲ့ ချစ်သူတွေဖြစ်သွားကြတာလား အဲ့လိုလား..."
သူက ခေါင်းခါလိုက်ရင်းမှ အကုန်ပြောပြရန်ပြင်လိုက်တော့သည်။
"မဟုတ်ဘူး ကိုဇော်...၊ချစ်သူဖြစ်ဖို့နေနေသာသာ သူက ကျွန်တော့ကို လောလောဆယ် ကြည်တောင်မကြည်ဖြူဘူး...။ကျွန်တော့ဘက်ကပဲ တစ်ဖက်သတ်ဖြစ်နေတာ...။အခု ကျွန်တော်ပြောမဲ့အကြောင်းအရာတွေက ကိုဇော့်ကို တကယ်ယုံကြည်လို့ပြောတာဆိုတော့ ဖြစ်နိုင်ရင် ဘယ်သူ့ဆီကိုမှ ပေါက်ကြားလို့မရဘူး..."
BINABASA MO ANG
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
