လျှို့ဝှက်ပေးထားမယ်

36.5K 1.4K 24
                                    

အိပ်ရာက‌နေနိုးလာချိန်မှာ ခေါင်းကိုက်နေသည်က သိပ်မဆိုးတော့ဘဲ အနည်းငယ်သက်သာသွားပြီ။အချိန်ကိုကြည့်လိုက်တော့ နေ့လယ်တစ်နာရီထိုးနေပြီမို့ ဆက်အိပ်မနေတော့ဘဲ ထလိုက်ပြီးလျှင် ရေချိုးခန်းထဲဝင်ကာ ရေအေးတွေနှင့် အတန်ကြာအောင်ချိုးပစ်လိုက်သည်။ထိုအခါ လူက လန်းလန်းဆန်းဆန်းဖြစ်သွားရပြီး နေရထိုင်ရသည်မှာလည်း သက်တောင့်သက်သာဖြစ်လာ‌ေလပြီ။ထို့နောက် ပြီးစီးချိန်မှာ ph ကိုယူကြည့်လိုက်လျှင် ထင်ထားသည့်အတိုင်း သီဟက သုံးခါလောက်ခေါ်ထားသည်ကိုတွေ့ရသောကြောင့် သူမက ပြန်ခေါ်လိုက်သည်။

"အေး နင် နိုးပြီလား..."

"အင်း နိုးပြီ..."

သီဟက သူမ၏ မပွင့်တပွင့် ပျော့တိပျော့ဖပ်အသံကို နားထောင်၍

"အသံကဘာဖြစ်နေတာလဲ..၊ခေါင်းကိုက်နေတာမို့လား...။ငါပြောတယ်...အဲ့လိုဖြစ်မှာစိုးလို့ တအားမသောက်ကြပါနဲ့ဆိုတာလဲ နားမထောင်ကြဘူး...။ပြောရဲ့သားနဲ့ကို သောက်ဖြစ်အောင်သောက်ကြသေးတာ...။ဟိုတစ်ယောက်လဲတူတူပဲ..၊နောက်ကျမှအိပ်ရာကထတယ်...။မိန်းကလေးတွေဖြစ်ပြီးတော့ ဘာမှန်းမသိဘူး...၊မူးရူးနေကြတာပဲ..."

သူမက သီဟ၏ပွစိပွစိအသံတွေကို နားထောင်နေရသော်လည်း ခါတိုင်းလို ပြန်ပြီးရန်မလုပ်နိုင်‌။

"အလုပ်အရမ်းများနေကြလား...။ဒီနေ့တော့ နင်ကြည့်စီစဉ်ပေးထားဦး...၊ငါနားမှရမှာမို့လို့.."

"အလုပ်ကိုစိတ်ပူမနေနဲ့၊နင့်အခြေအနေနင် ကောင်းအောင်အရင်လုပ်...။ဒီနေ့တစ်ရက်ကို အေးအေးဆေးဆေးနားလိုက်တော့..။တကတဲ..ငါမပြောလိုက်ချင်ဘူး တကယ့်ဟာတွေ..."

"မပြောချင်လဲ ဆက္မပြောနဲ့တော့ဟာ...။ငါ့ကို စားစရာတစ်ခုခုပို့ပေးဖို့သာ kitchen ကို ပြောပေး..."

"အေး ခုပဲပြောမလို့..။ဘာစားမှာလဲပြောလေ..."

"မသိတော့ဘူး...။ခေါင်းကိုက်ပြေမဲ့ဟာတစ်ခုခုသာ ကြည့်လုပ်ပေးလို့ပြောလိုက်.."

"ပြီးတာပဲ..၊အဲ့ဒါဆို ငါ ph ချပြီ နင်နားတော့.."

"အေး ဒါပဲ..."

You are the only Exception!Место, где живут истории. Откройте их для себя