"သဲတို့ထုံးစံအတိုင်း မှန်တွေများများပါတယ်ဆိုပေမဲ့ ပုံမှန်ထက်ကို လင်းလင်းကျင်းကျင်းဖြစ်စေချင်တာ...။ထင်းရှူးတောထဲဆိုတော့ အရိပ်လဲ ကျနေတယ်လေ..."
"ဒီလိုပုံစံမျိုးလား..."
"ဟင့်အင်း အဲ့လိုမီးတွေထွန်းပြီးတော့ လင်းတာမျိုးကို သဘောမကျဘူး...။သဘာဝအလင်းရောင်ကိုပဲ များများရစေချင်တာ..."
"အွန်း..အဲ့လိုဖြစ်အောင် မှန်တွေကို ပတ်ပတ်လည် အပြည့်သုံးပေးထားမှာပဲလေ...။မလင်းကျင်းမှာတော့ ပူစရာမလိုဘူး...။နေမဝင်မချင်း ပြင်ပအလင်းရောင်က တစ်နေကုန်ဝင်နေမှာပဲ..."
သူမတို့နှစ်ယောက်သည် အခန်းထဲကဆိုဖာမှာထိုင်ကာ စာကြည့်တိုက်အတွင်းပိုင်း ပြင်ဆင်ရန်အတွက်ကို ပုံတွေကြည့်ရင်း တိုင်ပင်နေကြခြင်းဖြစ်သည်။
"အမေစု ပြောဖူးတယ်လေ...၊စာကြည့်တိုက်ဆိုတာ စာရေးဆရာပေါင်းမြောက္များစွာရဲ့ စာအုပ်တွေကို ထိန်းသိမ်းထားတဲ့ နေရာဖြစ်လို့ စာကြည့်တိုက်ထဲမှာ စာဖတ်တဲ့အခါ လူ့ဦးနှောက်ပေါင်း မြောက္များစွာ၊လူအမျိုးမျိုးရဲ့ အတွေးအခေါ်ပေါင်း မြောက္များစွာထဲမှာ ရောက်နေတဲ့ အရသာမျိုး ခံစားရတာ သူနှစ်သက်ပါတယ်တဲ့..။အမေစုပြောသလိုမျိုး Your Dream Library ကိုလဲ လူတိုင်းက နှစ်သက်တဲ့ စာကြည့်တိုက်လေး ဖြစ်စေချင်တယ်...။စာဖတ်ရတဲ့အရသာကို တစ်ခါတည်း နှစ်သက်သွားရလောက်အောင် ခံစားစေချင်တယ်..."
"ဖြစ်လာမှာပေါ့ သဲရယ်...၊စာဖတ်တယ်ဆိုတာ စာရေးဆရာဖန်တီးထားတဲ့ လူတွေရဲ့စိတ်နေစိတ်ထားတွေ၊သဘောသဘာဝတွေ၊အတွေးအခေါ်ဒဿနတွေ၊အလွှာစုံတဲ့လူ့ပတ်ဝန်းကျင်က နေထိုင်မှု ရှင်သန်မှုအကြောင်းတွေ၊ဘဝဖြတ်သန်းပုံတွေ၊အဲ့ထဲကမှ စာရေးသူရဲ့အာဘော်နဲ့ သူခံယူထားတဲ့ ခံယူချက်တစ်ပိုင်းတစ်စတွေ ဒါတွေကို ကိုယ်တို့က တစ်ထိုင်တည်း ဖမ်းဆုပ်ခွင့်၊တွေ့ကြုံခွင့်၊ပုံဖော်ခွင့်၊သင်ခန်းစာယူခွင့်တွေ ရတာမို့လား.....။ဘယ်စာပေပဲဖြစ်ဖြစ် ယူတတ်မယ်ဆို ယူစရာတွေချည်းပဲ..။အယူတတ်ဖို့ပဲလိုတာ..."
"အွန်း...လူငယ်တွေအတွက် ဦးစားပေးဆိုပေမဲ့ သဲကတော့လေ..စာအုပ်တွေကို အရွယ်ပေါင်းစုံအတွက်ထားပေးချင်တယ်...။ဘာလို့လဲဆိုတော့ သဲတို့က ဟိုတယ်မို့လား.....။လူငယ်တွေချည်းလာနေတာမျိုးမဟုတ်ဘူး...။မိသားစုတွေအများဆုံးလာတယ်...။အဲ့ထဲက ကလေးလေးတွေပါမယ်..။လူလတ်ပိုင်း သမီးရည်းစား လင်မယားတွေလာမယ်...။နောက် အေးအေးဆေးဆေး စာဖတ်ရတာကြိုက်တဲ့ လူကြီးပိုင်းတွေလဲ ရှိဦးမယ်...။အဲ့လိုဆိုတော့ စာအုပ်တွေကို အသက်အရွယ်မရွေး၊အမျိုးအစားမရွေး ဖတ်လို့အဆင်ပြေအောင် ထားပေးမှဖြစ်မှာ...။ပုံမှန်ဆို စာမဖတ်ဖြစ်တဲ့သူကိုတောင် ဒီရောက္မှ ဒီပတ်ဝန်းကျင် ဒီရာသီဥတုလေးနဲ့ စာဖတ်ခဲ့ရတာကို မမေ့နိုင်ဘူး...၊စာဖတ်ရတာကို ကြိုက်သွားပါတယ်..၊နှစ်ခြိုက်သွားပါတယ်ဆိုတာမျိုး ဖြစ်စေချင်တာ..."
VOCÊ ESTÁ LENDO
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
