"နေပါဦး..မင်းက ဘာကိစ္စ အဲ့ကောင်မလေးကို မကြိုက်ရတာလဲ...။ပြောတော့ ငယ်လဲငယ် ချောလဲချောတယ်ဆို..."
အံ့ဘုန်းခေတ်၏အမေးကို အံ့မခန်းထင်က ခေါင်းတစ်ချက်ဆတ်ကာ ညိတ်ပြလိုက်ရင်း
"ကျောင်းသူပဲရှိသေးတယ်..."
"အဲ့ဒါများ မင်းလိုသက်ကြားအိုက ဘာကိုစျေးကိုင်ချင်လို့ လှည့်ပတ်ငြင်းနေတာလဲ ပြောကြည့်ပါဦး....."
သူ့ယောက်ဖ၏စကားကို သူက အသာပြုံးမိရင်း မဖြစ်မနေမို့သောက်နေရသော ခွက်ထဲကအရက်ကို တစ်ငုံငုံကာ အံ့မခန်းထင်၏မျက်နှာအား သေချာစိုက်ကြည့်ပြီး အကဲခတ်နေလိုက်သည်။
"မနေနိုင်လောက်အောင် ချစ်မလာသေးလို့.."
"ဘာပြောတယ်..."
"အဟွန်း..."
သူ့ဆီမှ လှောင်ရယ်သံနှင့်အတူ သူ့ယောက်ဖဆီမှ မကျေမနပ်အသံတို့က တစ်ပြိုင်နက်တည်း ပြိုင်တူထွက်လာရသည်။ထိုအခါ ဒီအရွယ်ရောက်နေပြီဖြစ်သည့် ယောက်ျားတို့ရဲ့ထုံးစံအတိုင်း ဘာပြောပြော စိတ်မလှုပ်ရှားတော့သည့်အထာနှင့် အံ့မခန်းထင်က နှစ်ယောက်လုံးကို ဘာဖြစ်လို့လဲဆိုသောပုံစံဖြင့် မျက်ခုံးပင့်ကာ မေးဆတ်ပြလာသည်။
"မနေနိုင်မထိုင်နိုင် ချစ်ချင်ရလောက်အောင် မင်းအသက်က ဘယ်လောက္မို့လို့လဲ...။သုံးဆယ်တောင်ကျော်နေပြီလေ...။အဲ့ဒါကို ဆယ်ကျော်သက်တွေလို ချစ်ကြည့်ဖို့များ စိတ်ကူးနေလိုက်သေးတာလား...။ဘယ်လိုကောင်မှန်းလဲမသိဘူး...၊ဂေါက်တောက်တောက်နဲ့.."
"သုံးဆယ်မကျော်သေးပါဘူးကွာ...။ယောင်ယောင်လေးပဲ စွန်းသေးတာပါ..."
"မင်းဘာသာမင်း ယောင်ယောင်လေးစွန်းစွန်း အဖျားလေးပဲစွန်းစွန်း ဂိုက်ခံနေရမဲ့အရွယ်မဟုတ်တော့ဘူး...။ပြီးတော့ အချိန်ဆွဲနေရလောက်အောင် မင်းကိုယ်မင်း ပီတယ်ပိုင်တယ် ထင်နေတာလား...။ကိုယ့်ကို အရေးတယူလာကြိုက်နေတုန်း ဆွဲထားမယ်မရှိဘူး...။ပါသွားမှ ငါတို့လို ကလေးတောင်မမွေးလိုက်ရဘဲနဲ့ လူဖြစ်ရှုံးပြီးတော့ နေဝင်သွားလိမ့်မယ်..."
"ကလေးမမွေးရတာနဲ့ပဲ လူဖြစ်ရှုံးရောလား...။စကားကို အလွန်ကြီးတွေ မပြောစမ်းပါနဲ့ ငဘုန်းရာ...။အခုမှ ကလေးလေးတစ်ယောက် ရသေးတာကို လာပြီးအာချောင်နေသေးတယ်..."
ESTÁS LEYENDO
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...