အိပ်ရာကနေနိုးလာသည်နှင့် ခေါင်းတွေထိုးကိုက်နေသည်ကို အရင်ဆုံးခံစားလိုက်ရသောသူမသည် လက်ကိုမြှောက်ပြီး ခေါင်းကိုကိုင်ဖို့လုပ်လိုက်သော်လည်း အားတစ်စက္မှမရှိသလိုဖြစ်နေသည်မို့ လက်ကမမြှောက်နိုင်။ထို့အပြင် ခန္ဓာကိုယ်တစ်ခုလုံးကပါ နွမ်းနယ်ကိုက်ခဲနေသောကြောင့် ပါးစပ်ကနေ အသံတိုးတိုးလေးထွက်ကာ ညည်းညူမိရင်းမှ မျက်လုံးဖွင့်ကြည့်လိုက်လျှင်
"နိုးပြီလား..."
ညင်သာစွာမေးလာသောအမေးစကားနှင့်အတူ နွေးထွေးကြင်နာလှသည့်မျက်ဝန်းများဖြင့် သူမ၏မျက်နှာကို သေချာစိုက်ကြည့်နေသောသူက ခေါင်းကိုခပ်ဖွဖွအုပ်မိုးကိုင်ကာ
"ခေါင်းတွေကိုက်နေပြီမို့လား...။ဘာလို့ ဝိုင်တွေအများကြီးသောက်ရတာလဲ သဲရယ်..."
သူပြောလိုက္မှပင် မနေ့ညကအကြောင်းအရာများမှာ တစ်ကွက်ချင်းစီ နောက်ပြန်ရစ်ပြလိုက်သော ရုပ်ရှင်ပြကွက္များကဲ့သို့ ခေါင်းထဲမှာတသီတတန်းပေါ်လာရရင်း မျက်လုံးထဲတွင် ချက်ချင်းမှောင်မိုက်သွားရသည်။
ကြည့်စမ်း...။
ဝိုင်သောက်ကာ မူးရူးသွားခဲ့ပေမဲ့ ဒီကိစ္စကျမှ ဦးနှောက်က မှတ်မိနေသတဲ့လား...။အား.....။
သူမ တကယ်ပဲ ဘာတွေလုပ်ခဲ့မိတာလဲ...။
စိတ်ပျက်စရာကောင်းလိုက်တာ။
ဒီလိုကိစ္စမျိုးကို သူမက လုပ်ခဲ့မိသတဲ့လား...။ရှက်စိတ်က ရင်ဘတ်ထဲမှာတောင်မွန်းကျပ်လာစေကာ တစ်ဆက်တည်းမှာပင် ခေါင်းထဲကို သွေးတွေက တဒိန်းဒိန်းထိုးတက်လာသောကြောင့် ရှုံ့မဲ့သွားရသောသူမအား သူက စိုးရိမ်စွာဖြင့်ကြည့်၍
"သဲ ခေါင်းက တအားကိုက်နေလားဟင်...။ဘယ်လိုနေလို့လဲ ကိုယ့်ကိုပြောပါဦး..."
မေးရင်းနှင့် နဖူးပေါ်ကို သူ့လက်ချောင်းတွေကရောက်လာကာ ညင်သာစွာ ဖိနှိပ်ပေးနေသည်။သူမကတော့ ရှက်ရွံ့စိတ်ဖြင့် အသာငြိမ်နေမိရင်းမှ မျက်လုံးတွေကိုမှိတ်ထားလိုက်လျှင် မနေ့ညကလုပ်ခဲ့သမျှ အဖြစ်အပျက်အားလုံးမှာ အကုန်ပြန်ပြီးပေါ်လာပြန်ကာ မျက်နှာတွေက ရဲတက်လာရသည်။
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...