နောက်တစ်နေ့မှာတော့ သူတို့ ဘားအံကနေ ကလောကိုပြန်ကြရပြီ။လေဆိပ်ကိုလာကြိုပေးကာ ယူလာပေးသောကားကို သူကိုယ်တိုင်ပင်မောင်းလာခဲ့ပြီး အိမ်ပြန်ရောက်လျှင် အိမ်တံခါးကိုဖွင့်၍ ဧည့်ခန်းထဲသို့ခြေချလိုက်သည်နှင့် သူမ၏ရင်ထဲမှာ နွေးခနဲဖြစ်သွားရသည်။
သူမတို့အိမ်ရောက်ပြီ။
မန္တလေးက မိဘအိမ်ကိုပြန်ရောက်သကဲ့သို့ ခံစားချက္မျိုးရလိုက်သည်မို့ ဒီအိမ်သည် သူမ၏ကိုယ်ပိုင်နေရာဆိုသည်ကို သူမစိတ်က လက်ခံထားလိုက်ပြီဖြစ်သည်။အိမ်ကို ဟိုတယ်မှဝန်ထမ်းလေးများက နေ့တိုင်းသန့်ရှင်းရေးလာလုပ်ပေးထားသည်ကြောင့် သူမတို့မရှိသော်လည်း သန့်ရှင်းသပ်ရပ်နေကာ ဖုန်တစ်စက္မရှိပေ။
သူက ကားထဲကနေ အိတ်တွေထုတ်ပြီး ဝင်လာရင်းမှ
"သဲ နေ့လယ်စာဘာစားမလဲ...။ကိုယ်ချက်ကျွေးမယ် စားချင်တာပြော..."
သူ့စကားကို သူမက ခေါင်းခါလိုက်ကာ
"ဟင့်အင်း..ခုမှပြန်ရောက်တာကို ခရီးလဲပန်းထားတာ မချက်ပါနဲ့တော့..။ဟိုတယ်မှာပဲသွားစားမယ်...။စီစဉ်ရမှာတွေလဲအများကြီး...။တစ်ခါတည်းသွားရင်းနဲ့စားကြတာပေါ့.."
နောက်တစ်ပတ်ထဲရောက်လာမည်ပြောသော လုပ်ငန်းရှင်တွေအတွက် ကြားထဲမှာက စီစဉ်ချိန်သိပ်မရပေ။ဒီရက်ပိုင်းအတွင်းမှာပင် ဖွင့်ပွဲလုပ်ရန်နှင့် ဖိတ်ကြားရန်အတွက်တွေကို စီစဉ်ရဦးမည်ဖြစ်သောကြောင့် အလုပ်များမည်ကတော့ အသေအချာပင်။
သူကတော့ ရောက်သည်နှင့် အလုပ်လုပ်ဖို့စိတ်ကူးနေသော သူမလေးကိုကြည့်ပြီး အသာပြုံးလိုက္မိရင်း
"ဖွင့်ပွဲအတွက်ကို ဘာမှ စိတ်မောမနေနဲ့..။ဖိတ်ရမဲ့စာရင်းကို ဇင်မင်းက ကြိုလုပ်ပြီးပြီ...။သူ့ဘာသာစီစဉ်ပြီးတော့ သေချာဖိတ်လိမ့်မယ်...။ဟိုတယ်ကလဲ ဖွင့်နေတာ အရှိန်ရနေပြီ..၊အများကြီးစီစဉ်စရာမရှိဘူး...။သဲလုပ်ရမှာက အဲ့နေ့ကျရင် လှလှလေးဝတ်ပြီးတော့ ကိုယ့်ဘေးမှာ Your Dream ရဲ့ CEO ဆိုတာကို လိုက္မိတ်ဆက်ရုံပဲ..."
ထိုအခါ သူ့စကားကို သူမက အလိုမကျစွာနှုတ်ခမ်းစူ၍
"အဲ့လောက်လွယ်ကူနေတာတွေဆို ကျွန်မက နေသားမကျဘူး...။ပြင်ဦးလွင် Your Dream တုန်းက အကုန်လုံးကို ကိုယ့်ခြေကိုယ့်လက်လုပ်လာရတာ...။အခု ဒီဟိုတယ်အကြီးကြီးကျမှ သက်သက်သာသာမနေချင်ပါဘူး..."
![](https://img.wattpad.com/cover/269049768-288-k472122.jpg)
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...