မျှော်တော်ရောင်

34.2K 1.4K 12
                                    

ကော်ဖီခြံမှာ တစ်နေကုန်သည်အထိ ပုံတွေရိုက် video တွေရိုက်ပြီး ညနေစောင်းသွားလျှင် မိုးမချုပ်ခင်မှာပဲ လက်စသတ်ကာ ပြန်ခဲ့လိုက်ကြသည်။ထို့နောက် ပြန်ရောက်သည်နှင့် အခန်းထဲမှာပင် ညစာစားပြီးနောက် ပုံတွေ၊ video တွေကို Edit လုပ်ရန်အတွက် Digital Marketing Team နှင့် Zoom Meeting ထိုင်ရ‌လေသည်။စတည်ထောင်စဉ်ကတော့ ပုံရိုက်တာ၊ Video Editing လုပ်တာကစလို့ ပို့စ်တင် Reply ပြန်တာအဆုံး သူမကပဲ Page ကိုင်ကာ အစအဆုံးလုပ်ခဲ့ခြင်းဖြစ်ပေမဲ့ အခုချိန်မှာတော့ တခြားအလုပ်တွေပါ အများကြီးရှိလာပြီမို့ အရင်ကကဲ့သို့ Page ကိုမကိုင်နိုင်တော့ချေ။ကျွမ်းကျင်စိတ်ချရသည့် Team တစ်ခုကိုအပ်၍ သူမကိုယ်တိုင်သည်လည်း Admin နေရာဆက်ယူထားပြီး လိုအပ်သည့်အပိုင်းလောက်ကိုသာ တိုင်ပင်‌ေဆွး‌ေနွးရင်း ဝင်ပြော​ဖြစ်တော့သည်။

ယနေ့ည ဆယ့်တစ်နာရီလောက်ကို ပိုစ့်တင်ချင်သောသူမက စိတ်တွေလောနေရသည့်အတွက်ကြောင့် တစ်ဖက် Team ကလည်း အဆင်ပြေအောင် အမီလုပ်ပေးလေသည်။ထို့နောက် အားလုံးပြီးစီး၍ ပိုစ့်တစ်ခုလုံး upload ဖြစ်သွားပြီးလျှင် သူမက Page ထဲဝင်ကာ Team ကတင်​ထား‌ေပးသည့် မနက်ဖြန် ဆက်တိုက်တင်ရမည့် Scheduled Post များကိုဝင်စစ်ရင်း စိတ်ကျေနပ်ပြီဆိုမှ တစ်ဖက် Team ကို အဆင်ပြေကြောင်းပြောကာ Meeting ကိုနားလိုက်တော့သည်။

အားလုံးပြီးစီးချိန်မှာ အချိန်ကိုကြည့်လိုက်တော့ ညဆယ့်နှစ်နာရီထိုးကာနီး‌ေလပြီ။

ထိုသို့ဖြင့် အိပ်ကာနီးအထိကို အစောတုန်းက တင်လိုက်သောပိုစ့်၏ Reach အား ဝင်ကြည့်လိုက်သေးသောသူမက မြင်နေရသည့်ရလဒ်ကိုတွေ့လျှင် အကျေနပ်ကြီးကျေနပ်စွာဖြင့် အိပ်ရာဝင်လိုက်တော့သည်။

*
*
*

အိပ်ရာကနိုးနိုးချင်းမှာပင် ပိုစ့်အနေအထားကိုဝင်ကြည့်လိုက်သောသူမသည် ထင်ထားသည့်အတိုင်း လူငယ်တွေကြားမှာ Popular ဖြစ်နေသည်ကိုတွေ့ရသောကြောင့် စိတ်ကျေနပ်ရစွာဖြင့် မင်္ဂလာရှိသောနံနက်ခင်းအား ကြိုဆိုရန်ထလိုက်တော့သည်။

ထို့နောက် ရေချိုးပြီး Dining Room ဘက်ကိုမသွားသေးဘဲ Reception က CS (Customer Service) ကိုအရင်သွားလိုက်လျှင် သူမထက်ကြိုရောက်နှင့်နေပြီဖြစ်သော သီဟအား ဆိုက်ဆိုက္မြိုက္မြိုက်တွေ့ရလေသည်။ထိုအခါ နှစ်ယောက်သားက တွေ့လိုက်သည်နှင့် တစ်ယောက်ကိုတစ်ယောက် အပြုံးကိုယ်စီဖြင့် ကျေနပ်အားရစွာ ပြုံးပြလိုက်ကြပြီးမှ နံနက်အစောပိုင်းကတည်းကပင် ph တွေဖြေ၍ မအားနိုင်ဖြစ်နေကြသည့် ဝန်ထမ်းတွေကိုကြည့်ကာ သီဟက

You are the only Exception!Donde viven las historias. Descúbrelo ahora