သူမ၏ရင်ဘတ်ဆီမှ ဖွဖွဆုပ်ကိုင်ကာ ထိတွေ့နေသောအထိအတွေ့ကြောင့် အိပ်နေရာမှနိုးလာခဲ့ရသည်။မျက်လုံးဖွင့်ကြည့်လိုက်လျှင် ညဝတ်အင်္ကျီအပေါ်မှာ ဟိုဒီရွေ့လျားကိုင်တွယ်နေသော လက်တစ်ဖက်ကိုတွေ့လိုက်ရသည်မို့ အိပ်ချင်မူးတူးမျက်လုံးတွေက ချက်ချင်းပင်ပြူးကျယ်သွားရကာ သူ့ရင်ဘတ်ကိုတွန်းပစ်လိုက်ရင်း
"ရှင် ဘာတွေလုပ်နေတာလဲ စောစောစီးစီးကို..."
သူမ၏ အလန့်တကြားပျာယာခတ်အသံကို သူက အခိုးဝေနေသည့်မျက်လုံးများဖြင့် ပြန်ကြည့်လာကာ
"အပြင်မှာ မိုးရွာနေတယ်..."
"ဟမ်.."
အဆက်အစပ်မရှိသောစကားကြောင့် သူမက ကြောင်သွားရရင်းမှ ပြတင်းပေါက်ကိုလှမ်းကြည့်လိုက်လျှင် အမှန်တကယ်ပဲ မိုးကသည်းနေသည်။
သို့သော် သူလုပ်နေတာနှင့် မိုးရွာတာနှင့်က ဘာမှမဆိုင်။
ထို့ကြောင့် သူမက မျက်ခုံးတွေတွန့်ချိုးကာ ရင်ဘတ်ပေါ်မှသူ့လက်တွေကို ဆွဲဖယ်လိုက်ရင်း
"မိုးရွာတာနဲ့ဘာဆိုင်လဲ...။မိုးရွာတိုင်း ဒီလိုလုပ်စရာလား..."
ပြောစကားကို နားထဲဝင်ပုံမရသောသူသည် လှဲနေရာမှထလာရင်း သူမ၏မျက်နှာအား အကြည့်မလွှဲတမ်းစိုက်ကြည့်၍ အပေါ်ကနေတက်ခွကာ အုပ်မိုးလာလျှင် ရီဝေဝေမျက်ဝန်းတွေဆီမှ ဆန္ဒပြင်းပြနေသောပုံစံကို တွေ့လိုက်ရသည်မို့
"ရှင် ကျွန်မအပေါ်ကနေ အခုဆင်းနော်...။မနက်အစောကြီး အိပ်ရာကထထချင်းကို ဘယ်လိုတွေဖြစ်နေတာလဲ ဖယ်..အခု"
ထိုအခါ သူမ၏စကားအတိုင်းဆင်းလိုက်ပေမဲ့ တစ်ဆက်တည်းမှာပင် ခြုံထားသည့်စောင်ကိုဆွဲဖယ်လိုက်သောကြောင့် လန့်ဖျပ်ပြီးကြည့်လိုက်စဉ်မှာပဲ သူက ကိုယ်ပေါ်သို့ပြန်တက်လာသည်။ပြီးလျှင် ညဝတ်အပေါ်ထပ်ကို ကြိုးဖြည်ပြီးဆွဲဖွင့်ကာ ရင်ဘတ်ပေါ်သို့ခေါင်းအပ်လာသည်မို့ သူမက သူ့ခေါင်းကိုကပျာကယာပြန်တွန်းလိုက်ရင်း
"ရှင် ဘယ်လိုတွေဖြစ်နေလဲဟင်...။မနေ့က တစ်ရက်ပဲ ကောင်းကောင်းနေခိုင်းပြီးတော့ ခုအစောကြီးဖြစ်ပျက်နေတာ မြင်မကောင်းဘူး...။အဲ့လောက်တောင်မထိန်းနိုင်ဘူးလား ဟုတ်လား..."
![](https://img.wattpad.com/cover/269049768-288-k472122.jpg)
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...