Passionate Love❤️

38.7K 1.1K 124
                                        

အစက ရောက်လက်စနှင့် အခြားဥရောပနိုင်ငံများကိုပါ သူက ကူးစေချင်သေးသော်လည်း ရုတ်တရက်ပေါ်ပေါက်လာသော လုပ်ငန်းကိစ္စတစ်ခုကြောင့် ချက်ချင်းပြန်ဖို့ စီစဉ်လိုက်ကြရသည်။အကြောင်းမှာမူ ဂျပန်မှာကျင်းပမည့် ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ လုပ်ငန်းရှင်များအစည်းအဝေးသို့ နိုင်ငံတကာမှလုပ်ငန်းရှင်များနှင့်အတူ သူသည်လည်း တက်ရောက်ရမည်ဖြစ်သည်။ထို့ကြောင့် နိုင်ငံပေါင်းစုံမှ စီးပွားဖက်ပါတနာများ တက်ရောက်ကြမည်ဖြစ်၍ လုပ်ငန်းပိုင်းဆိုင်ရာ အတွေ့အကြုံပေါင်းများစွာကို အပြန်အလှန်ဖလှယ်နိုင်ကြမည်ဖြစ်ပေရာ ထို့အတွက် သူမကိုပါခေါ်သွားရန် သူက စီစဉ်ထားလေသည်။သို့သော် ဖြစ်ချင်တော့ ထိုရက်အတွင်းမှာပဲ သူမတို့၏ Campsite သို့ ဝန်ကြီးဌာနတစ်ခု၏ အကြီးအကဲပိုင်းလူကြီးတစ်ယောက်က လာရောက္မည်ဖြစ်ကြောင်း အကြောင်းကြားလာသည်။သို့ဖြစ်၍ Your Dream မှာ တစ်ယောက္မဟုတ် တစ်ယောက်ကတော့ ရှိနေမှရမည်ဖြစ်ပေရာ သူက သေချာပေါက် ဂျပန်သွားရမည်ဖြစ်သောကြောင့် သူမသည်သာ စိတ်မကောင်းစွာနှင့်ပင် နေခဲ့ရပေမည်။သူကတော့ တက်ရောက်ကြမည့်လုပ်ငန်းရှင်များမှ ဂျူနီယာလေးများအား ပြန်လည်ပို့ချပေးမည့် လုပ်ငန်းပိုင်းဆိုင်ရာသင်တန်းများနှင့်အတူ ရခဲလှသည့်အခွင့်အရေးများကို လက္မလွှတ်စေချင်သောကြောင့် သူမအစား သီဟကိုသာခေါ်သွားရန် စီစဉ်လိုက်ရသည်။ထို့ကြောင့် ဆွစ်ဇာလန်မှပြန်ရောက်ပြီး နောက်တစ်ရက်တွင် သူ့မှာ ချက်ချင်းပဲ သီဟနှင့်အတူ ဂျပန်သို့ ခရီးဆက်ရပြန်လေသည်။

သူမကတော့ မတတ်သာ၍ကျန်ခဲ့ရသော်လည်း ဒီမှာရောက်နေသည့်ဧည့်သည်များကို လိုအပ်ချက္မရှိရအောင် အာရုံစိုက်နေရင်းဖြင့် အချိန်ရတိုင်းမှာ သူနှင့် ph ပြောသည်။ငါးရက်လောက်ကြာမည့် သူမ မပါသောခရီးစဉ်အတွက်ကို ညည်းညူချိန်တောင်မရဘဲ သွားလိုက်ရသောသူက ph ထဲမှာတော့ နားငြီးရလောက်အောင် အလွမ်းသယ်ရှာလေသည်။

သို့သော် သူ့ထက်ပိုဆိုးစွာပင် ရောက်ကတည်းက အချိန်ရတိုင်း မိန်းမနှင့် မပြီးနိုင်မစီးနိုင် အလွမ်းသယ်နေသည်ကတော့ သီဟပင်။ချစ်လှစွာသောဝင့်ဝါ၏ကိုယ်ဝန်သည် ခြောက်လကျော်ခုနစ်လထဲ ရောက်နေပြီဖြစ်သောကြောင့် ကိုယ်ဝန်နှင့်ဇနီးသည်ကို သီဟမှာ စိတ်တွေမချနိုင်ပေ။သူ့ရှေ့မှာပင် အားသည်နှင့် vc တန်းခေါ် ပြီး မိန်းမမျက်နှာကြည့်ဖို့သာ အားထုတ်နေသည်မို့ သူ့မှာ ကိုယ်ချင်းစာစွာဖြင့် အသာကြည့်နေရပေသည်။

You are the only Exception!Where stories live. Discover now